(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် တာချီလိတ်၌ နံရံကပ်ပြဘုတ်များ ၊ စာအုပ်ပြပွဲများ ပြထားရာ ကျောင်းသား ကျောင်းသူများ စိတ်ဝင်စား

(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် တာချီလိတ်၌ နံရံကပ်ပြဘုတ်များ ၊ စာအုပ်ပြပွဲများ ပြထားရာ ကျောင်းသား ကျောင်းသူများ စိတ်ဝင်စား
ဖေဖော်ဝါရီ 9, 2015
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်တွင် တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် မြေစိုက်နံရံကပ်ပြဘုတ်၊ ဓာတ်ပုံပြဘုတ်များနှင့် စာအုပ်ပြပွဲအား ဖေဖော်ဝါရီလ(၅)ရက်နေ့မှ စတင် ပြသဆောင်ရွက်လျက်ကြောင်း သိရရှိသည်။

အဆိုပါ ပြဘုတ်များတွင် (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာ၊ ဆောင်းပါး၊ ဓာတ်ပုံများ၊ အမျိုးသားရေး ဦးတည်ချက်များ၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့မှုများ၊ ဗိုလ်ချုပ် အောင်ဆန်း၏ နိုင်ငံအပေါ် ချစ်မြတ်နိုးစိတ်၊ အနစ်နာခံစိတ်၊ အမြော်အမြင် ကြီးမှု ၊ အမျိုးသားရေး စိတ်ဓာတ်များ၊ လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်း ဓာတ်ပုံများ၊ မိန့်ခွန်းကောက်နှုတ်ချက်များအား ဗီနိုင်း ပိုစတာများဖြင့် ဝေဝေဆာဆာ ပြသဆောင်ရွက်ထားသည်။

နံရံကပ်စာစောင်၊ ဓာတ်ပုံပြဘုတ်များ၊ စာအုပ်ပြသထားမှုများအား ယနေ့ ဖေဖော်ဝါရီ (၉)ရက်၊ နံနက်(၁၀) နာရီက အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်)မှ န၀မတန်း(A ၊ B)အခန်းရှိ
ကျောင်းသားကျောင်းသူ (၁၀၀)ဦးခန့် နှင့် ဆရာ၊ ဆရာမများ ၊ ဆိုင်ကယ်တက္ကစီမောင်းသူများ ၊၀န်ထမ်းများနှင့် ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက် ကြည့်ရှုလေ့လာ မှတ်သား ကြသည်။

ယင်းသို့ပြသဆောင်ရွက်ပေးသည့်အတွက် ကျောင်းသားကျောင်းသူများကိုယ်စား ကျေးဇူးတင်ကြောင်းနှင့် အခါအားလျော်စွာ ပြသဆောင်ရွက်ပေးရန် အထက်တန်းပြ ဆရာမတစ်ဦးက ပြောကြားကြောင်း သိရသည်။

ဓါတ်ပုံ/သတင်း ။  ။ ဝေယံလင်း

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~