တာချီလိတ်၌ ကျင်းပပြုလုပ်မည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့် မွေးနေ့ပွဲတော်ကြီးကို တာချီလိတ်၌ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက် ည(၆း၃၀)နာရီတွင် မွေးနေ့ကိတ်ခွဲခြင်း အခမ်းအနားအား ပြုလုပ်မည်ဖြစ်ရာ ယခု ပြုလုပ်မည့် ကိတ်မုန့် တန်ဖိုးမှာ ထိုင်းဘတ်ငွေ (၁၂၅၀၀)ဘတ်ရှိရာ စင်ရွှင်မုန့်တိုက်မှ (၃၅၀၀)ဘတ် လျှော့ပေးခြင်းဖြင့် ပါဝင်အားဖြည့်ပြီး တန်ဖိုးငွေ (၉၀၀၀)ဘတ်ကို အာခါတိုင်းရင်းတိုင်းခေါင်းဆောင် (အာခါဈေးပိုင်ရှင်) ဦးအာဇီးမှ လှူဒါန်းသည်။
"ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အတွက် သိပ်ကို လုပ်ပေးသင့်ပါတယ်၊ လွှတ်လပ်ရေးရအောင် လုပ်ပေးခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီးအတွက် ဒီထက်မကတောင် ဂုဏ်ပြုသင့်ပါတယ်"ဟု အာခါတိုင်းရင်းသား ခေါင်းဆောင် ဦးအာဇီးက ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် ကိတ်မုန့်ခွဲသည့် အခမ်းအနားတွင် အ.ထ.က(ဟောင်လိတ်)မှ ကျောင်းသားလေး မောင်အောင်မျိုးဦးမှ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကို ရွတ်ပြကာ မီးရှုးမီးပန်းများ ဖောက်လွှတ်ပြီး ကိတ်မုန့်ခွဲမည်ဖြစ်ပြီး ဆက်လက်၍ အထိမ်းအမှတ်ပွဲများအတွက် ဆုပေးအပ်ချီးမြှင့်မည့် အစီအစဉ်အား စတင်မှာ ဖြစ်ကြောင်း သိရှိရသည်။