တာချီလိတ်၌ ကျင်းပပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်ပွဲတော်၏ (၃)ရက်မြောက်နေ့ ဖြစ်သော ဖေဖော်ဝါရီလ (၁၃)ရက် နေ့လယ်(၂)နာရီ အချိန်တွင် ပွဲတော်ကျင်းပသည့် ရှမ်းရိုးမကွင်း၌ တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့၏ ကယ်ဆယ်ရေးလုပ်ငန်းများအား ခေတ်မီ မီးငြိမ်းသတ်ရေး ကိရိယာများဖြင့် လက်တွေ့ အသုံးပြုပြီး ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်း သရုပ်ဖော်ပြသခဲ့ကြသည်။
ပထမဦးစွာ အရေးပေါ် မီးငြိမ်းသတ်ရေးကိရိယာ (HNE) ကျောလွယ် မီးသတ်ဆေးဗူး (From Water Mist Gun ) ဖြင့် မီးငြိမ်းသတ်မှုကို လက်တွေ့ပြသပြီး၊ ဒုတိယအနေနဲ့ မီးဖိုပေါ်မှ ဆီမီးတောက်လောင်ခြင်း နှင့် ဂတ်စ် (Gas) မီးဖိုမီးလောင်ခြင်းတို့ကို စိတ်အေးအေးထားပြီး အလွယ်တကူငြိမ်းနိုင်ရန် သရုပ်ပြခဲ့သည်။
ထို့နောက် မီးခိုးငွေ့များရှိသော အခန်းထဲမှာ ပိတ်မိနေသည့် လူနာအား ကယ်နိုင်ရန် အသက်ရှုကိရိယာ ၀တ်စုံဝတ်ဆင်၍ Cutter များဖြင့် ပိတ်ထားသော သံဇကာများကို ဖြတ်တောက်ပြီး အခန်းတွင်းရှိ လူနာအား ကယ်တင်ခြင်းအပြင် မီးအပူရှိန်(-) ခံနိုင်သော မီးကာဝတ်စုံကို ၀တ်ဆင်၍ မီးထဲသို့ သွားလာ ပြခဲ့သည်။
နောက်ဆုံး သရုပ်ဖော်ပုံစံအနေဖြင့် မီးသတ်စက်ကြီး (မီးသတ်ကား) များ နေရာယူကာ ဦးစွာ ပုံစံ (၂) မျိုးဖြစ်သော Jet နှင့် Spray ဖြင့် ရေပက်ဖြန်းခြင်း ၊ အမြှပ်နော်ဇယ် (Foam nozzle) များ အသုံးပြု၍ ရေပက်ဖြန်းသည့် သရုပ်ပြခြင်းကို ရှင်းလင်းပြသခဲ့ကြသည်။
မီးသတ်တပ်ဖွဲ့၏ ကယ်ဆယ်ရေးလုပ်ငန်းများအား ခေတ်မီ မီးငြိမ်းသတ်ရေး ကိရိယာများဖြင့် လက်တွေ့ အသုံးပြုပြီး ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်း သရုပ်ဖော်ပြသရာတွင် တာချီလိတ်မြို့နယ် မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးအောင်ကျော်နိုင်မှ သရုပ်ပြမှု ကဏ္ဍအလိုက် ရှင်းလင်းပြောကြားပြီး တပ်ဖွဲ့ဝင်များက သရုပ်ပြသည်။
ပုံများကိုကြည့်ရန်