တာလေမြို့၌ စိတ်ကြွဆေးပြား ဖမ်းဆီးရရှိ

တာလေမြို့၌ စိတ်ကြွဆေးပြား ဖမ်းဆီးရရှိ
ဇန်နဝါရီ 20, 2015
By Tachileik News Agency

တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းအုပ်စု၊ ၀မ်ဆာကျေးရွာတွင် ဇန်န၀ါရီလ (၁၉)ရက်နေ့က မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ် နှင့် မူးယစ်တပ်ဖွဲ့စု (၁၀၂)နေပြည်တော်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စိတ်ကြွဆေးပြားများအား ဖမ်းဆီးသိမ်းဆည်းရမိကြောင်း မူးယစ်တပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး သတင်းအရ ပူးပေါင်းမူးယစ်တပ်ဖွဲ့ဝင်များသည် ၀မ်ဆာကျေးရွာနေ အိုက်ဆမ်(ကျား)၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းဝတ်ဆင်ထားသော ဘောင်းဘီရှည် အိတ်ကပ်အတွင်းမှ Wy စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၃၅)ပြားအား တွေ့ရှိ၍ နေအိမ်အား ဆက်လက်ရှာဖွေရာ အိမ်သုတ်ဆေးဗူးငယ်ဖြင့် ထည့်ထားသော စိတ်ကြွဆေးပြား (၁၀၀၀)ပြားကို တွေ့ရှိသဖြင့် စိုင်းဆမ်အား တာလေနယ်မြေရဲစခန်းတွင် မယ(ပ)၁/၂၀၁၅၊ မူး/စိတ် ၁၅/၁၉(က)ဖြင့် အရေးယူထားရှိကြောင်း သိရသည်။

ဆက်လက်စစ်ဆေးခဲ့ရာ တစ်ရွာတည်းနေ အိုက်ဆန်းကူး(ကျား)အား ရောင်းချခဲ့ကြောင်း သိရှိရ၍ ၎င်းနေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ် အိပ်ခန်းအတွင်း ပလပ်စတစ်ဗူးငယ်ဖြင့် ထည့်ထားသော စိတ်ကြွဆေးပြား (၃၅)ပြားအားတွေ့ရှိသဖြင့် အိုက်ဆန်းကူးနှင့် အိုက်ဆန်တို့အား  တာလေနယ်မြေရဲစခန်း မယ(ပ)၂/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~