မိုင်းဖြတ်၌ ဘိန်းကင်ခြောက် အနည်းငယ် ဖမ်းဆီးရမိ

မိုင်းဖြတ်၌ ဘိန်းကင်ခြောက် အနည်းငယ် ဖမ်းဆီးရမိ
ဇန်နဝါရီ 20, 2015
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၁၀၂)နေပြည်တော် နှင့် တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဇန်န၀ါရီလ(၁၉)ရက် နေ့လယ်(၁၁း၃၀)နာရီ အချိန်ခန့်က မူးယစ်ဆေးဝါး အနည်းငယ်ကို ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မိုင်းဖြတ်မြို့နယ်၊ ဟိုနားကျေးရွာအနီး ကျိုင်းတုံ - တာချီလိတ် သွား ကားလမ်းမပေါ်တွင် တာချီလိတ်ဘက်မှ ကျိုင်းတုံဘက်သို့ အိုက်မွန်း(ကျား)မောင်းနှင်ပြီး လီထေ့(ကျား) နှင့် အိုက်ဆုန်း(ကျား)တို့ လိုက်ပါလာသည့် မော်တော်ယာဉ်အား မသင်္ကာ၍ ရပ်တန့် စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများကို ရှာဖွေ ဖမ်းဆီးရရှိတာဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။

ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိရာတွင် အိုက်ဆုန်း ၀တ်ဆင်ထားသော အပြာရောင်ဂျင်းဘောင်းဘီရှည် အိတ်ကပ်အတွင်းမှ အလေးချိန် (၃၅)ဂရမ်ခန့်ရှိသည့် ဘိန်းကင်ခြောက်များကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိတာဖြစ်ပြီး မိုင်းဖြတ်မြို့မရဲစခန်းတွင် အဆိုပါ (၃)ဦးအား မယ(ပ)၁/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၁အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း မူးယစ်တပ်ဖွဲ့မှ သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~