ကျိုင်းတုံမြို့အတွင်းသို့ ဇန်န၀ါရီလအတွင်း လျှပ်စစ်ဓါတ်အား ခွဲဝေဖြန့်ဖြူးမှု အချိန်ဇယား

ကျိုင်းတုံမြို့အတွင်းသို့ ဇန်န၀ါရီလအတွင်း လျှပ်စစ်ဓါတ်အား ခွဲဝေဖြန့်ဖြူးမှု အချိန်ဇယား
ဇန်နဝါရီ 16, 2015
By Tachileik News Agency

ကျိုင်းတုံမြို့တွင် လျှပ်စစ်ဓာတ်အားများကို ကျိုင်းတုံစွမ်းအင်ကုမ္ပဏီမှ ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ မိုးတွင်းကာလတွင် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း ကျိုင်းတုံ ပြည်နယ်ပြန်ဆက်မှ သိရသည်။

( A,B,C, တို့သည် အုပ်စု သင်္ကေတဖြစ်သည် )

နွေရာသီတွင် ရေသိုလှောင်မှုကောင်းမွန်စေရန်နှင့် ဓာတ်အားကြာရှည်စွာ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ရေစုကန်အဟောင်းအနီးတွင် အလျား(၄၀၀)ပေ၊ အနံ(၆၅)ပေရှိ ရေလှောင်ကန်သစ်လည်း တည်ဆောက်ထားသည့် အပြင် ဓာတ်အားကြာရှည်စွာ ဖြန့်ဖြူးနိုင်ရေးအတွက် ဓာတ်အားပေးစနစ်ကို အလှည့်ကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ၊ စာကျက်ဝိုင်းများတွင် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် စီစဉ်ဆောင်ရွက်ပြီးဖြစ်ပါသည်။ ယခုလ ဇန်န၀ါရီလအတွင်း အလှည့်ကျ မီးပေးမည့် အုပ်စုပုံစံအား တင်ပြအပ်ပါသည်-

 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~