တရုတ်နိုင်ငံသား တစ်ဦးသည် iphone 6 နှင့် iphone 5s (၉၄)လုံးတို့အား ဆာမူရိုင်း သံချပ်ကာအင်္ကျီပုံစံ ခန္ဓာကိုယ်နှင့် ခြေထောက်များတွင် ဆိုလိုတိပ်များဖြင့် ပတ်ထားပြီး တရုတ်နိုင်ငံ အတွင်းသို့ ဇန်န၀ါရီလ (၁၁)ရက်နေ့က ခိုးဝှက်သယ်ဆောင်လာခြင်းကြောင့် တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်တုံးပြည်နယ်၊ Shenzhen မြို့ Futain စစ်ဆေးရေးဂိတ်တွင် အကောက်ခွန် အရာရှိများမှ မသင်္ကာဖွယ် တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။
သယ်ဆောင်လာသော iphone များ၏ တန်ဖိုးမှာ ယန်ငွေ (၃)သိန်းခန့် ရှိကြောင်းသိရပြီး ဟောင်ကောင်မှ တရုတ်နိုင်ငံ အတွင်းသို့ ဖြတ်သန်းစဉ် စစ်ဆေးရေးဂိတ်ရှိ သတ္တုရှာဖွေရေး ကိရိယာ၏ ကျယ်လောင်သော အချက်ပေးသံကြောင့် ဖမ်းဆီးမိခဲ့ကြောင်းလဲ သိရသည်။
ယခုလို ခန္ဓာကိုယ်အား သယ်ယူပို့ဆောင်ရေးယာဉ်ကဲ့သို့ အသုံးပြု၍ ကျူးလွန်သည့် ပြစ်မှုကျူးလွန်မှုများမှာ လွန်ခဲ့သော ၂၀၁၄ ဒီဇင်ဘာလအထိ ပြစ်မှု (၁၈)မှုဖြစ်ပွားခဲ့ကြောင်းနှင့် ယခုကဲ့သို့ ပြစ်မှုကျူးလွန်မှုမျိုးများ ပိုမိုများပြားလာကြောင်း Huanggang ရဲတပ်ဖွဲ့မှ သိရှိရသည်။
ယခုပြစ်မှုကျူးလွန်သူအား လူမှုကွန်ယက်များတွင် iphone man ဟု နာမည်ကြီးနေကြောင်းလဲ သိရသည်။
ဘာသာပြန် ။ ။ ဇက်(Z)
Ref; CCTVNews
Photo: CCTVNews