ထီးမွေးခန်းထဲမှ ကလေးငယ်

ထီးမွေးခန်းထဲမှ ကလေးငယ်
ဇန်နဝါရီ 17, 2015
By Tachileik News Agency

တရုတ်နိုင်ငံ၊ ဟန်နန်ပြည်နယ်၊ Haikou မြို့ လူသွားလမ်းမပေါ်တွင်  ဇန်န၀ါရီလ (၁၆)ရက်နေ့က ကိုယ်ဝန်သည်တစ်ဦး အရေးပေါ်ထီးများကွယ်၍ ကလေးမွေးဖွားခဲ့ရကြောင်းသိရသည်။

လူအများ သွားလာနေသော လမ်းမပေါ်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အရေးပေါ် ကလေး မွေးဖွားခဲ့သဖြင့် လမ်းသွားလမ်းလာများမှ ဆေးရုံမွေးခန်းကဲ့သို့ ထီးများကာပေးခဲ့ပြီး မွေးဖွားခဲ့ရသည်။

သူမအား ဆေးရုံပို့ဖို့ နောက်ကျနေပြီဖြစ်တဲ့အတွက် အနီးအနားတွင်ရှိသော လူများထံမှ ထီးနှင့် အ၀တ်အစားများယူ၍ အရေးပေါ် မွေးခန်းကဲ့သို့ ဆောက်လုပ်လိုက်ခြင်းဖြစ်သည်ဟု သိရပြီး  အနီးအနားက ဆေးဆိုင်ဝန်ထမ်းများမှလဲ လိုအပ်သော ဆေးဝါးများ ယူဆောင်လာကာ ပြုစုစောင့်ရှောက်ပေးခဲ့ကြောင်း မွေးဖွားသည့်ကလေးငယ်မှာ ယောက်ျားလေးဖြစ်သည့်အပြင် ကျန်းမာသန်စွမ်းကြောင်းသိရပြီး “ထီးမွေးခန်းထဲမှ ကလေးငယ်”ဟု ခေါ်ဆိုကြောင်း သိရသည်။

မွေးဖွားပြီးနောက် ဆေးရုံလူနာတင်ယာဉ်ရောက်ရှိလာပြီး မိခင်နှင့်ကလေးအား အနီးရှိ ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ဘာသာပြန် ။  ။ ဇက်(Z)
Ref; CCTVNews

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~