တာချီလိတ်မြို့နယ် မိုင်းဟဲကျေးရွာအုပ်စု သရက်ပင်ကျေးရွာနေ ဦးယေလမီ + ဒေါ်နားလော
တို့၏ အသက်(၃)နှစ်အရွယ်ရှိ သား မောင်အိုက်ဖူးသည် ပုံပါအတိုင်း ပြင်းစွာသော မျက်စိဝေဒနာ (ကင်ဆာဟုခန့်မှန်းရ) အား ခံစားနေရသည့်အတွက် ဆေးဝါးကုသရန်အတွက် အရေးပေါ် အကူအညီ လိုအပ်နေလျက်ရှိကြောင်း သိရသည်။
၎င်း၏ မိသားစုမှာ ချို့တဲ့နွမ်းပါးသည့်အတွက် ဆေးဝါးကုသရန် အခက်အခဲဖြစ်ပေါ်လျက်ရှိရာ မောင်အိုက်ဖူး၏ မျက်စိဝေဒနာအား ကုသရန်အတွက် ဆေးဝါးကုသစရိတ် လိုအပ်လျက် ရှိပါသောကြောင့် ပါဝင်လှူဒါန်းလိုသော စေတနာရှင်များအနေဖြင့် အောက်ပါ ဆက်သွယ်ရန် လိပ်စာများမှတဆင့် ဆက်သွယ်၍ လှူဒါန်းနိုင်မည်ဖြစ်ပါသည်။
သူရိယ - သင်္ကန်းတိုက်
ဦးအောင်ဖြိုးရှိန် (မြို့နယ်သတင်းထောက် )
မြန်မာဖုန်း။ ။ 094-3136431
ထိုင်းဖုန်း ။ ။ 0897558729
ဒေါ်ယဉ်ယဉ်နိုင် (အကြီးတန်းစာရေး)
တာချီလိတ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊
ဖုန်း ၀၉ ၂၅၀၈၈၈၄၄၃