တာချီလိတ်၌ ကျင်းပမည့် ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲတော်တွင် ရိုးရာကစားနည်း ပြိုင်ပွဲများ ထည့်သွင်းထားရာ ပါဝင်ဆင်နွှဲလိုသူများ စာရင်းပေးသွင်းနိုင်

တာချီလိတ်၌ ကျင်းပမည့် ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲတော်တွင် ရိုးရာကစားနည်း ပြိုင်ပွဲများ ထည့်သွင်းထားရာ ပါဝင်ဆင်နွှဲလိုသူများ စာရင်းပေးသွင်းနိုင်
ဇန်နဝါရီ 20, 2015
By Tachileik News Agency

၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့်မွေးနေ့ အထိမ်းအမှတ်အနေဖြင့်  ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့်ပွဲတော်တွင် အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။

“အသင်းလိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ပါဝင်ဆင်နွှဲနိုင်အောင် အားကစားပြိုင်ပွဲ အမျိုးအစား (၁၆)ထည့်သွင်းထားပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းရာပြည့်ပွဲမှာ ကလေးတွေရော လူကြီးတွေရော ပါဝင်နိုင်အောင် စီစဉ်ဆောင်ရွက်ထားပါတယ်”ဟု ပွဲတော်အတွက် ပြုလုပ်သော ဆွေးနွေးညှိနှိုင်းပွဲတွင် ဗိုလ်ချုပ်ရာပြည့်ပွဲတော် အားကစားပြိုင်ပွဲကျင်းပရေးကော်မတီမှ ကိုမောင်ထွေးမှပြောသည်။

 ဗိုလ်ချုပ် အောင်ဆန်းရာပြည့်ပွဲတွင် ပျော်ပွဲရွှင်ပွဲ အနေဖြင့် ထည့်သွင်းထားသည်း ရိုးရာကစားနည်း ပြိုင်ပွဲ အမျိုးအစားများမှာ ...

  • (၁) မာရသွန်
  • (၂) စက်ဘီးပြိုင်ပွဲ
  • (၃) မြန်မာ့ရိုးရာခြင်းဝိုင်း
  • (၄) ပိုက်ကျော်ခြင်း
  • (၅) ဘော်လီဘော
  • (၆) ချောတိုင်
  • (၇) လွန်ဆွဲ
  • (၈) မီတာ(၁၀၀)၊ မီတာ(၅၀)
  • (၉) သံလုံးပစ်
  • (၁၀) ခေါင်းအုံးရိုက်
  • (၁၁) ဂုန်နီအိတ်စွတ်
  • (၁၂) ခြေသုံးချောင်းထောက်
  • (၁၃) မုန့်စားပြိုင်ပွဲ
  • (၁၄) အာလူးကောက်
  • (၁၅) သံပုံးရိုက်
  • (၁၆) စားပွဲတင်တင်းနစ်

တို့ ပါဝင်မှာဖြစ်ပြီး ဖေဖေါ်ဝါရီလ(၅)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။

“အားလုံးအဆင်ပြေအောင် စာရင်းပေးသွင်းနိုင်တဲ့နေရာ (၉)ခု သတ်မှတ်ပေးထားပါတယ်။ထိုင်းနိုင်ငံတွင်းက မြန်မာတွေရော ရပ်ကွက်တွေထဲက အဆင်ပြေတဲ့ နေရာမှာ စာရင်းပေးသွင်းနိုင်အောင်လို့ပါ”ဟု အားကစားပြိုင်ပွဲကျင်းပရေး ကော်မတီဝင်တစ်ဦးမှပြောသည်။

  • (က)တာချီလိတ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး
  • (ခ) ၀မ်ကောင်းရပ်ကွက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး
  • (ဂ) အလင်းရောင်ပရဟိတအသင်းရုံးခန်း၊ ဗိုလ်ချုပ်လမ်း၊ မကာဟိုခမ်းရပ်ကွက်၊
  • (ဃ) အလိုတော်ပြည့်ဘောလီဘောကွင်း၊ ပါလျှံ(၂)
  • (င) ဦးချစ်ကို၊ ယောနာသံခွေငှါးဆိုင်၊ ၀မ်ကောင်း (မြန်မာ) ၀၉၂၅၀၉၀၀၅၈၁
  • (စ) ဦးထွန်း(မယ်ဆိုင်)။ (ထိုင်း) ၀၈၉၆၃၇၆၃၆၇
  • (ဆ) ဦးမောင်ထွေး၊ (မြန်မာ) ၀၉၂၅၄၉၆၆၈၃၆၊ (ထိုင်း) ၀၈၇၃၀၃၀၄၇၀
  • (ဇ) ဦးကျော်ကျော်ဝင်း၊ (မြန်မာ) ၀၉၂၅၀၃၃၇၅၈၄ (ထိုင်း) ၀၉၄၇၅၀၅၄၄
  • (ဈ) ဦးကျော်၊ (မြန်မာ) ၀၉၄၅၈၀၃၄၃၉ (ထိုင်း) ၀၈၀၅၀၀၀၅၄၂

တို့အား ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရာပြည့် အထိမ်းအမှတ် ပွဲတော်ကျင်းပမည်ဖြစ်ရာ နိဗ္ဗာန်ဈေးပွဲတော်၊ ကျောင်းသူကျောင်းသားများ၏ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၊ ဖျော်ဖြေရေး အစီအစဉ်များပါရှိကြောင်း ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~