( ရုပ်သံ )
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၌ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖေါ်မှုအဖြစ် ၂၀၁၄ ဒီဇင်ဘာ၂၄ ရက်တွင် တာချီလိတ်မြို့မ (၀မ်ကောင်း)ဈေးမှ (၈၆)ခုံတန်း ပျံကျဈေးသည်များသည် ကြွေးကြော်ချက် (၈)ချက်ကို ကြွေးကြော်ကာ ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းများအား ပြုလုပ်ခဲ့ကြသည်။