အခု မြင်တွေ့ရတဲ့ ပုံကတော့ ဟောလီဝုဒ် ရုပ်ရှင်ကားတွေမှာပါတဲ့ ကင်မရာ Effect တွေမဟုတ်ပါဘူး။ သြစတေးလျ နိုင်ငံ ဆစ်ဒနီမြို့မှာ လေပြင်းမုန်တိုင်း တိုက်ခတ်ချိန်က ဓါတ်ပုံဆရာ “ရိုလန်တေလာ”ကရိုက်ခဲ့တာပါ။
လွန်ခဲ့တဲ့ ဒီဇင်ဘာလ(၃)ရက် ဗုဒ္ဓဟူးနေ့က ဆစ်ဒနီမြို့ပေါ်မှာ လေပြင်းမုန်တိုင်းတိုက်ခတ်ပြီး လျှပ်စီးလက်နေတာကို သူနေတဲ့ အိမ်ပေါ်က လှမ်းမြင်လိုက်ရတာနဲ့ ရိုက်ခဲ့တာဖြစ်ပြီး (၂၅)မိနစ်အတွင်းမှာ ပုံပေါင်း(၂)ထောင်နဲ့(၃)ထောင်လောက် ရိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအထဲက (၂၈)ပုံကတော့ လျှပ်စီးလက်နေတဲ့ပုံတွေဟာ တကယ်ကို မယုံနိုင်စရာ ပုံတွေဖြစ်နေတယ်လို့သိရပါတယ်။
အဲ့ဒီနေ့မှာ လူပေါင်း(၇၀၀၀)လောက် လျှပ်စစ်ပြတ်တောက်ခြင်းခံခဲ့ရပြီး အရေးပေါ်ဖုန်းလိုင်းကို (၃၄)ခါလောက် ခေါ်ပြီးအကူအညီတောင်းခြင်းလဲ ခံခဲ့ရကြောင်းသိရပါတယ်။မိုးကြိုးပစ်ချလို့ တစ်ချို့နေရာတွေမှာလဲ မီးလောင်ခဲ့ကြောင်းသိရှိရပါတယ်။