ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ဆေခမ်းရပ်ကွက်ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီအပိုင် နေရာ၌် ရှမ်းတိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ကြီးမှူးကျင်းပသည့် (၂၁၀၉)နှစ်မြောက် ရှမ်းနှစ်သစ်ကူးပွဲတော်အား ကျင်းပပြုလုပ်လျက်ရှိပြီး ရှမ်းနှစ်ကူးပွဲတော်၏ ဖွင့်ပွဲကို ၂၀၁၄ခုနှစ် ဒီဇင်ဘာလ(၄)ရက် ည(၈)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
(၂၁၀၉)နှစ်မြောက် ရှမ်းနှစ်သစ်ကူး၏ ပွဲတော် ဖွင့်ပွဲကို စစ်ဗျူဟာအဖွဲ့အခြေချ(တာချီလိတ်)၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦးး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ နာယက ဦးစိုင်းယီဆာ၊ ဥက္ကဌ ဦးစိုင်းလုံမား နှင့် တွဲဖက်အတွင်းရေးမှူး ဦးစိုင်းဆုမ်ဆိုင်းတို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် ရှမ်းတိုင်းရင်းသား လူငယ် မောင်မယ်များက စုပေါင်း သီချင်း သီဆိုခြင်းဖြင့် နှစ်သစ်ကို ကြိုဆိုဂုဏ်ပြုကြပြီးနောက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦးက အဖွင့်မိန့်ခွန်မြွက်ကြားပြီး တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ရှမ်းတိုင်းရင်းသားများနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။
ယင်းနောက် ရှမ်းတိုင်းရင်းသား ရိုးရာအကများကို ရှမ်းတိုင်းရင်းသား လူငယ်၊ မောင်မယ်များက ပွဲတော်သို့ ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများ နှင့် ဧည့်သည်တော်များအား ကပြဖျော်ဖြေတင်ဆက်ကြသည်။
ဆက်လက်၍ နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အနေဖြင့် တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာတို့မှ ရှမ်းတိုင်းရင်းသား လူငယ်များမှ ရိုးရာအကများကို ဖျော်ဖြေတင်ဆက်ကြပြီး ထိုနည်းတူ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ပြိုင်ပွဲတွင်လည်း ဆက်လက်ယှဉ်ပြိုင် ကပြဖျော်ဖြေကြရာ စုစုပေါင်း အကအဖွဲ့အနေဖြင့် (၁၅)ဖွဲ့ကျော် ရှိကြောင်း သိရသည်။
သတင်း ။ ။ ကိုဇောင်း
ဓါတ်ပုံ ။ ။ ကိုဇောင်း ၊ ဇောင်းညီ၊
ပုံများကိုကြည့်ရန်