တာချီလိတ်မြို့သည် နယ်စပ်ဒေသမြို့ဖြစ်သည်နှင့်အညီ ခိုးဆိုးလုယက်မှုများ လျော့ပါးရေး နှင့် ဒုစရိုက်မှုများ ပပျောက်စေရေးတို့ အတွက် တာချီလိတ်မြို့ပေါ် ရပ်ကွက်များအတွင်း တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အဖွဲ့ဝင်များနှင့် အတူ မော်တော်ဆိုင်ကယ်များဖြင့် ကင်းလှည့်လည်သည့် လုပ်ငန်းစဉ်အား ယနေ့ ၂၀၁၄ခုနှစ် ဒီဇင်ဘာလ(၇)ရက်နေ့ ည(၈)နာရီအချိန်က အကောင်အထည်ဖော်ကာ ကင်းလှည့်လည်နေကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာလ (၇)ရက်နေ့ ည(၈)နာရီ အချိန်တွင် တာချီလိတ်မြို့နယ် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြင့်ထွေး ဦးဆောင်သည့် နယ်ထိန်းရဲတပ်ဖွဲ့ဝင်များ နှင့် ၀မ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ရပ်ကွက်အဖွဲ့ဝင်များ၊ ၀မ်ကောင်းရပ်ကွက်အတွင်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ပြည်သူ့စစ်များ စသည့်အဖွဲ့မှ ပူးပေါင်းကာ ၀မ်ကောင်းရပ်ကွက်အတွင်း လှည့်လည်ခဲ့ကြကြောင်း သိရသည်။
ယခုလို ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ရပ်ကွက်အဖွဲ့ဝင်များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်း ဒုစရိုက်မှုများ ပပျောက်စေရေးအတွက် ဆိုင်ကယ်များဖြင့် လှည့်ကင်းလှည့်လည်သွားမှာဖြစ်ကြောင်း သိရှိရသည်။
သတင်း ။ ။ ကိုဇောင်း
ဓါတ်ပုံ ။ ။ ဇောင်းညီ