တာချီလိတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များနှင့် မီးဘေးအန္တရာယ်များ အပြင် မြေပြိုမှုများတွင် ကိုယ်ကျိုးစွန့်၍ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ သန္ဓေနှင့်အရန် မီးသတ်တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုသည့် အနေဖြင့် တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ယနေ့ ဒီဇင်ဘာလ (၂၅)ရက် နေ့လယ်ပိုင်းမှာ ဖုန်းကတ်များဖြင့် ဂုဏ်ပြုပေးအပ်ခဲ့သည်။
ယခုလို ပေးအပ်ခြင်းနှင့် ပတ်သက်၍ "သဘာဝဘေး အန္တရာယ်တွေ၊ မီးဘေးအန္တရာယ်တွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြတဲ့အတွက် ဂုဏ်ပြုတဲ့ အနေနဲ့ မီးသတ်တပ်ဖွဲ့ကို ဖုန်းကတ်ဂုဏ်ပြုတာပါ"ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း က ပြောသည်။
ဖုန်းကတ်ဂုဏ်ပြုပေးအပ်မှုကို တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း က ပေးအပ်ရာမှာ မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးအောင်ကျော်နိုင် နှင့် အဖွဲ့မှ ၀မ်းမြောက်စွာ လက်ခံ ရယူခဲ့ကြသည်။