မိုင်းဖြတ်မြို့နယ် ကျေးရွာများတွင် ဘိန်းအစားထိုး သီးနှံပေးအပ်ပွဲ နှင့် အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မိုင်းဖြတ်မြို့နယ် ကျေးရွာများတွင် ဘိန်းအစားထိုး သီးနှံပေးအပ်ပွဲ နှင့် အသိပညာပေး ဟောပြောပွဲ ပြုလုပ်
ဒီဇင်ဘာ 11, 2014
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ၊ နမ့်ပန်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် မိုင်းဖြတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြု ကော်မတီဝင်များသည် ဘိန်းအစားထိုး သီးနှံပေးအပ်ပွဲ နှင့် အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာလ (၁၀)ရက်၊ နံနက်(၁၀)နာရီ အချိန်က နမ့်ပန်ကျေးရွာ ဘုန်းကြီးကျောင်းဝင်း၌ ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် နှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မှ မြို့နယ် ဦးစီးမှူး ဦးသန်းထွဋ်လွင်တို့က ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးခြင်းဖြင့် အကျိုးသက်ရောက်မှုများ၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန် က စာဖတ်ခြင်းဖြင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေမည့် အကြောင်းအရာများကို လည်းကောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဘိန်းအစားထိုးစိုက်ပျိုးရန် လိုင်ချီးပျိုးပင်များနှင့် လက်ဖက်ပျိုးပင်များအား ကျေးရွာများမှ တာဝန်ရှိသူများထံ ပေးအပ်သည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့သည် ပူပါလောင်းကျေးရွာ၊ ဟာပီးပါကျေးရွာများတွင် ဒေသခံပြည်သူများအား ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊စာဖတ်ခြင်း အလေ့အထများ ဖြစ်ပေါ်စေရေးတို့ကို အသိပညာပေး အဖြစ် ဟောပြောခဲ့ကြောင်းသိရှိရသည်။

သတင်း ။   ။ ရှောလမွန်

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~