မိုးပွင့်အဆင့် (၇)စီမံချက် အနေဖြင့် ဖန်မင်ကျေးရွာအုပ်စု၌ နိုင်ငံသား စိစစ်ရေးကတ်ပြား (၃၂၀)ခု ထုတ်ပေး

မိုးပွင့်အဆင့် (၇)စီမံချက် အနေဖြင့် ဖန်မင်ကျေးရွာအုပ်စု၌ နိုင်ငံသား စိစစ်ရေးကတ်ပြား (၃၂၀)ခု ထုတ်ပေး
ဒီဇင်ဘာ 17, 2014
By Tachileik News Agency

မိုးပွင့်အဆင့် (၇)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအား ဒီဇင်ဘာ (၁၅)ရက်နေ့
နံနက်ပိုင်းက တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စုတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ ပေးအပ်ပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန တာချီလိတ်ခရိုင် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာလွင် ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းသိန်း ၊ မြို့နယ်ဦးစီးဌာနမှူး ဦးသိန်းလွင်တို့မှ ကျေးလက်နေ တိုင်းရင်းသား ပြည်သူ (၃၂၀)ဦးတို့အား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း ။  ။ မောင်ယဉ်ကျေး

 Tachileik Online News ( www.tachileik.net  ) 



~~~~~~~~~~ ကြော်ငြာ ~~~~~~~~~