လားဟူရိုးရာ ဘူးပုလွေ နှင့် မြေ၀ိုင်းအက (၅)ရက်တာ သင်တန်း တာလေမြို့၌ ဖွင့်လှစ်

လားဟူရိုးရာ ဘူးပုလွေ နှင့် မြေ၀ိုင်းအက (၅)ရက်တာ သင်တန်း တာလေမြို့၌ ဖွင့်လှစ်
ဒီဇင်ဘာ 10, 2014
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်းရှိ တာလေမြို့တွင် တာချီလိတ်ခရိုင် လားဟူစာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ကြီးမှူးကျင်းပသည့် "လားဟူရိုးရာ ဘူးပုလွေ နှင့် မြေ၀ိုင်းအက"သင်တန်းကို ဒီဇင်ဘာလ (၈)ရက်နေ့မှ (၁၃)ရက်နေ့အထိ ဖွင့်လှစ်ထားရှိရာ အဆိုပါ သင်တန်းဖွင့်ပွဲသို့ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလှရှဲန် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

"လားဟူရိုးရာ ဘူးပုလွေ နှင့် မြေ၀ိုင်းအက"သင်တန်းဖွင့်ပွဲသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လားဟူတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးရှာမွေလှရှဲန် အပါအ၀င် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် ပြည်ခိုင်ဖြိုးပါတီမှ ခရိုင်/မြို့နယ်ကော်မတီဝင်များ မှ တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်လှစ်သည့် တာလေမြို့၊ ဗေသလကျေးရွာ၊ ဗိုလ်လုံ ဦးရှာရှော  အောက်မေ့ဖွယ်ခန်းမဆောင်တွင် အခမ်းအနားပြုလုပ်ရာ  လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလှရှဲန် က အမှာစကား ပြောကြားပြီးနောက် သိက္ခာတော်ရဆရာတော် ဦးလှဝင်း ၊ သင်တန်းမှူး ဦးပေတလု တို့မှ လားဟူတိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့် ပတ်သက်၍ အခြေအနေများ၊ သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း တင်ပြကြသည်။

အဆိုပါ အခမ်းအနားတွင်  လားဟူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုးက အမှာစကားပြောကြားပြီးနောက် ဦးဝီဆင်မိုး မိသားစုမှ သင်တန်းသားများအတွက် အအေးနှင့်အချိုရည်များကို လှူဒါန်းခဲ့ပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ယူခဲ့ကြသည်။

"လားဟူရိုးရာ ဘူးပုလွေ နှင့် မြေ၀ိုင်းအက"သင်တန်းကို တာချီလိတ်ခရိုင်အတွင်းရှိ၊ တာချီလိတ်မြို့နယ်၊ တာလေမြို့ နှင့် ကျိုင်းလပ်မြို့နယ်များရှိ ကျေးရွာများမှ လားဟူတိုင်းရင်းသားများ လာရောက်၍ တက်ရောက် သင်ယူကြောင်း သိရသည်။

 "လားဟူရိုးရာ ဘူးပုလွေ နှင့် မြေ၀ိုင်းအက"သင်တန်းပြီးသည့်နောက်တွင် လားဟူတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးရှာမွေလှရှဲန် အပါအ၀င် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် တာလေမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်းတို့မှ မတည်ပြီး ကိုယ့်အားကိုယ်ကိုး စာသင်ကျောင်းဆောက်လုပ် လှူဒါန်းထားရှိခြင်းသို့ သွားရောက်ပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုခဲ့ကြသည်။

ကျောင်းဆောက်လုပ်နေခြင်းအပေါ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး နှင့် မိသားစုက ကျပ်(၇)သိန်း တန်ဖိုးရှိသည့် (၁၀)ပေ ခေါင်မိုးသွပ် (၃၆)ချပ်၊ (၈)ပေသွပ် (၁၁၁)ချပ် နှင့် ခေါင်အုပ်သွပ် (၁၅)ချပ်တို့ကို ပေးအပ်လှူဒါန်းရာ ကျေးရွာသူကြီးနှင့်အဖွဲ့က ၀မ်းမြောက်စွာ လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ဓါတ်ပုံ / သတင်း ။   ။ သာစည်မျိုးသန့်

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~