မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီး၍ ဒုတိယအဆင့် ကျေးလက်လူငယ်သင်တန်း (၁/၂၀၁၄)ကို ယနေ့ ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ ကျေးလက်လူငယ်သင်တန်းတွင် ဖန်မင်ကျေးရွာအုပ်စုအတွင်းမှ ကျေးရွာပေါင်း (၁၉)ရွာရှိ ကျေးလက်နေ တိုင်းရင်းသား လူငယ်ပေါင်း (၈၀)ဦး လာရောက်၍ လေ့လာသင်ယူ မှတ်သားကြသည်။
ယင်းသင်တန်းတွင် မြို့နယ်ကျေးလက်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လဲ့လဲ့သင်းမှ သင်တန်း ပို့ချခဲ့ပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှသိန်း မှ သင်တန်းပို့ချမှုအား မြန်မာဘာသာမှ ရှမ်းဘာသာသို့ ဘာသာပြန်၍ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ဓါတ်ပုံ/သတင်း ။ ။ ရဲမြင့်ဦး