တရုတ်နိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ Hubei ဒေသမှ ရွာသူ/သားတွေဟာ တစ်ရွာနဲ့တစ်ရွာ ကူးသန်း ဖြတ်သွားဖို့အတွက် မိုးပျံရထား(ကြိုးရထား)နဲ့ ခရီးသွားရတယ်လို့ သိရပါတယ်။
ဒီ(ကြိုးရထား)မိုးပျံရထားဟာ အရှည် မီတာ(၁၀၀၀)ရှိပြီး၊ အမြင့်(၄၈၀)မီတာရှိပါတယ်၊ ရွာသူ/သား (၂၀၀)ကျော်ဟာ ဒီ ကြိုးနဲ့သွားရတဲ့ ခရီးစဉ်ကို အသုံးပြုပြီး သွားလာနေတာ (၁၇)နှစ်ခန့်ရှိပြီလို့လည်း သိရပါတယ်။
သူတို့အတွက် တစ်ခြားရွေးချယ်စရာ လမ်းကြောင်းမရှိတော့ ဒီလမ်းခရီးဘဲ ရွေးချယ်နေရတာပါတဲ့၊ စာဖတ်ပရိတ်သတ်တွေရော ဒီလို အမိုးအကာ မလုံမခြုံနဲ့ အင်ဂျင်စက်သေးသေးလေး မောင်းနှင်ထားတဲ့ ခရီးကို သွားဝံ့ပါ့မလား၊ ရွာသူ/သားတွေ အတွက်တော့ ဒီကြိုးခရီးဟာ လမ်းအဆုံး မဟုတ်သေးပါဘူး နောက်ထပ်လမ်း ဆက်လျှောက်ရမယ့် ခရီးစဉ်တွေကျန်ပါသေးတယ်တဲ့။
ဘာသာပြန် ။ ။ မင်းသုတ
Ref; CCTvNews
Photo: CCTvNews