တာချီလိတ်၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ် ကလပ်များ တွေ့ဆုံပွဲအတွင်း စားသောက်ဆိုင်များ ရောင်းချနိုင်ရန် အတွက် အခန်း ၂၀ သာ ကျန်ရှိ

တာချီလိတ်၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ် ကလပ်များ တွေ့ဆုံပွဲအတွင်း စားသောက်ဆိုင်များ ရောင်းချနိုင်ရန် အတွက် အခန်း ၂၀ သာ ကျန်ရှိ
ဒီဇင်ဘာ 11, 2014
By Tachileik News Agency

တာချီလိတ်အခြေစိုက်  Eastern Eagle Motorcycle Club မှ (၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ(၁၄)ရက် နှင့် ဒီဇင်ဘာလ(၁၅)ရက်နေ့ များတွင် တာချီလိတ်မြို့ ရှမ်းရိုးမကွင်း အတွင်း၌ အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ်ကလပ်များ တွေ့ဆုံပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်မည်ဖြစ်ရာ အဆိုပါ ပွဲတော်သို့ နိုင်ငံပေါင်း (၁၉)နိုင်ငံမှ နိုင်ငံခြားသား မော်တော်ဆိုင်ကယ် ကလပ်များ နှင့် ဧည့်သည်တော်များ အများအပြား လာရောက်ကြမည်ဖြစ်သည့်အတွက် ပွဲတော်အတွင်း တိုင်းရင်းသားရိုးရာ အ၀တ်အထည်များ၊ အသုံးအဆောင်များအား ရောင်းချနိုင်ရန်အတွက် စီစဉ်ထားပေးသလို စားသောက်ဆိုင်ခန်းများအတွက်လည်း စီစဉ်ထားရှိကြောင်း သိရသည်။

ပွဲတော်ကို ဒီဇင်ဘာလ (၁၄)ရက်နှင့် ဒီဇင်ဘာလ(၁၅)ရက် နှစ်ရက် ကျင်းပမည်ဖြစ်ရာ ပွဲတော်သို့ ရောက်ရှိမည့် ဧည့်သည်တော်များနှင့် ဒေသခံများအား ရောင်းချနိုင်ရန်အတွက် စားသောက်ဆိုင်ခန်း များကိုလည်း စီစဉ်ထားရှိရာ ယခုအခါမှာ စားသောက်ဖွယ်ရာ ရောင်းချနိုင်မည့် ဆိုင်ခန်း အခန်း(၂၀)သာ ကျန်ရှိတော့သည့်အတွက် ပွဲတော်အတွင်း လာရောက် ရောင်းချမည့်သူများအနေဖြင့် မည်သည့် အစားအစာကိုမဆို လာရောက်ရောင်းချနိုင်မှာဖြစ်ပြီး ဆိုင်ခန်းပြင်ဆင်မှုများနှင့် ပတ်သက်၍လည်း အသင့်စီမံထားပေးသည့်အပြင် စားပွဲခုံများ လည်း အဆင်သင့်ပါရှိမှာ ဖြစ်ကြောင်း သိရသည်။

 ပွဲတော်ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးစိုင်းနော်ခမ်းက "ပွဲအတွင်းမှာ စားသောက်ဆိုင်ခန်းတွေ (၂၀)ဘဲ ကျန်ပါတော့တယ်၊ ဘယ်သူမဆို လာရောက် ရောင်းချနိုင်သလို၊ ဆိုင်ခန်းအတွက် နေရာကိုလည်း စီစဉ်ထားပေးတဲ့အပြင် ထိုင်ခုံတွေက အစ တစ်ခါတည်း လုပ်ပေးထားပါတယ်၊ အစားအသောက် ရောင်းမဲ့ ဈေးသည်များ အနေနဲ့ အစားအစာနဲ့ ပတ်သက်တာတွေ ယူလာပြီး ရောင်းရုံပါပဲ..."ဟု တာချီလိတ်အွန်လိုင်းသို့ ရှင်းပြသည်။

ပွဲတော်အတွင်း အစားအသောက် လာရောက် ရောင်းချလိုသည့် ဈေးသည်များအနေဖြင့် ဆိုင်ခန်း နေရာများနှင့် ပတ်သက်၍ ဒီဇင်ဘာလ(၁၂)ရက်နေ့မှ စ၍ ပွဲတော် မကျင်းပမီနေ့အထိ ရှမ်းရိုးမကွင်းတွင် သွားရောက် စုံစမ်းနိုင်သည့်အပြင် ထိုင်းဖုန်း 0941726668 သို့လည်း ဆက်သွယ်၍ စုံစမ်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~