ဂျပန်နိုင်ငံ ခရီးသွားလာရေးလုပ်ငန်းရဲ့ စွဲဆောင်မှုအသစ်လို့ ဆိုရမဲ့ ၂၀၁၁ ခုနှစ်က နျူးကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဖူကူရှီးမား ပတ်ဝန်းကျင်ဒေသတွင်းက ပတ်ဝန်းကျင် ညစ်ညမ်းမှု အနည်းဆုံးဖြစ်ပြီး မြေပြင်ပက်ကြားအက်တဲ့ ဒေသတွေမှာ ခရီးသွားလာရေးအဖြစ် ၀န်ဆောင်မှု ပေးနေကြောင်း သိရပါတယ်။
နျူးကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ မြို့ရဲ့ဧရိယာ အစိတ်အပိုင်း တစ်ချို့နဲ့ ထိခိုက်ပျက်စီးနေတဲ့ ဖြစ်စဉ်တွေ အကျိုးသက်ရောက်မှုတွေကို “အန္တရာယ်ဇုန်”အဖြစ် လူအများ လေ့လာလို့ရအောင် လုံခြုံတဲ့ခရီးသွားလာရေး နေရာတစ်ခုအဖြစ် ဖန်တီးနိုင်ရန် အသက်သွင်း ကြိုးစားနေပြီဖြစ်ကြောင်း သိရပါတယ်။
ခရီးသွားလာရေး လုပ်ငန်းအဖြစ် တည်ဆောက်မယ့် “အန္တရာယ်ဇုန်”ပတ်ဝန်းကျင် ဒေသမှာတော့ ဘယ်သက်ရှိသတ္တ၀ါမှ အသက်ရှင် ရပ်တည်နိုင်မှု မရှိသေးပါဘူး။ ဂျပန်ခရီးသွားလာရေး လုပ်ငန်းမှ ယုဆူကီကတို ကတော့" ဘာမှ ရှင်းလင်းမှု မလုပ်ထားတဲ့နေရာ၊ သက်ရှိသတ္တ၀ါတွေ မရှိတဲ့နေရာမှာ ခရီးသွား လုပ်ငန်း လုပ်မယ်ဆိုတာ တကယ်ကို အံ့သြစရာပါဘဲဗျာ၊”လို့ ပြောကြားခဲ့ပါတယ်။