တာချီလိတ်မြို့တွင် မြန်မာနိုင်ငံ၏ ပထမဆုံးအဖြစ် ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ် ကလပ်များ တွေ့ဆုံပွဲကို ရှမ်းရိုးမကွင်းထဲ၌ ဒီဇင်ဘာလ (၁၄)ရက် နှင့် ဒီဇင်ဘာလ (၁၅)ရက်နေ့တို့တွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး နိုင်ငံပေါင်း (၁၉)နိုင်ငံတို့မှ ရောက်ရှိလာမည့် နိုင်ငံခြားသားများ အနေဖြင့် တာချီလိတ်မြို့တွင် ကျင်းပမည့် Bike Week ပွဲအား တအံ့တသြဖြစ်သွားစေရန်အတွက် ပွဲတော်အား ကြီးမှူးကျင်းပသည့် Easten Eagle MC မှ ဒီဇင်ဘာ လ(၁၁)ရက်နေ့မှ စ၍ ယနေ့ ဒီဇင်ဘာလ (၁၃)ရက်နေ့ထိ မြန်မာမှုဟန်ပန်များဖြင့် ပြင်ဆင်မှုများ ပြုလုပ်နေလျှက်ရှိသည်ကို တွေ့ရှိရသည်။
ပွဲတော်အတွင်း စနစ်တကျဖြစ်စေရေးအတွက် လုံခြုံရေးဂိတ်များ၊ ပွဲအတွင်း ကဏ္ဍအလိုက် ဆိုင်ခန်းများ နှင့် အိမ်သာကအစ စနစ်တကျ ပြုလုပ်ပေးထားပြီး ပွဲအတွင်း လျှပ်စစ်မီးကိုလည်း ထိုင်းနိုင်ငံဘက်မှ စက်ကြီးများဖြင့် မောင်းနှင်ကာ သုံးစွဲထားကြောင်းလည်း သိရသည်။
( ဘ/က ကျောင်းများအတွက် အလှူငွေလက်ခံရာ မဏ္ဍပ် )
ပွဲတော်၏ အစီအစဉ်များထဲတွင် ပွဲတော်အား ကြီးမှူးကျင်းပသည့် Easten Eagle MC မှ တာချီလိတ်ခရိုင် အတွင်းရှိ ဘ/က ကျောင်းများတွင် ထောက်ပံ့အလှူငွေအဖြစ် ကျပ်သိန်း(၃၀)ကိုလည်း ပေးအပ် လှူဒါန်းမည်ဖြစ်ရာ ထိုသို့ လှူဒါန်းမှုကို နိုင်ငံပေါင်း (၁၉)နိုင်ငံမှ နိုင်ငံခြားသားများလည်း ပါဝင်လှူဒါန်းနိုင်ရန်အတွက် အလှူခံမဏ္ဍပ် ကိုလည်း ဖွင့်လှစ်ထားရှိတာကို တွေ့ရှိရသည်။
( အမှတ်(၁) တံတားတွင် ကြိုဆိုသည့် ပိုစတာ )
( အင်ဒီယန်းပြခန်း )
( အမျိုးသားသုံး အပေါ့စွန့် အိမ်သာ )
( ဒီဇင်ဘာလ(၁၅)ရက် တစ်ရက်အတွက်သာ.. )
ပွဲအတွင်း ဖျော်ဖြေရေး စတိတ်စင်ကို ပွဲတော်ကျင်းပမည့် ဒီဇင်ဘာလ(၁၄)ရက် နံနက်ပိုင်းမှသာ တပ်ဆင်မှာဖြစ်ပြီး အဆိုပါ စတိတ်စင်အတွက် အချိန်(၃)နာရီသာ အသုံးပြုကာ တပ်ဆင်သွားမှာ ဖြစ်ကြောင်းလည်း သိရသည်။
( ဒီဇင်ဘာလ(၁၅)ရက် တစ်ရက်အတွက်သာ.. )
ပွဲတော်ကျင်းပရာ ရှမ်းရိုးမကွင်းအတွင်း လုံခြုံရေးအနေဖြင့် သက်ဆိုင်ရာများဖြင့် ပူးပေါင်း၍ ချထားပြီး ပွဲအတွင်း တုတ်၊ ဓါး လက်နက်၊ ခဲယမ်းများ၊ ပုလင်းများ၊ ပြင်ပအရက်/ဘီယာများ၊ကို ယူဆောင်လာခွင့် မရှိစေရေးအတွက်လည်း လုံခြုံရေး အထူးကြပ်မတ်သွားမှာ ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီမှ သိရှိရသည်။
သတင်း ။ ။ ကိုဇောင်း
ပုံများကိုကြည့်ရန်
56 photos