၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် တာချီလိတ်မြို့၌ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပမည့် မိခင်နှင့်ကလေးများ ကျန်းမာသန်စွမ်းမှုပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်လိုသူ ကလေးသူငယ်များ အနေဖြင့် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲသို့ ၀င်ရောက်လိုသော တာချီလိတ်မြို့နယ်အတွင်းရှိ မိခင်နှင့်ကလေးများအနေဖြင့် စာရင်း ပေးသွင်းရက်ကို (၂၅.၁၂.၂၀၁၄)ရက်နေ့ နောက်ဆုံး သတ်မှတ်ပေးထားပြီး အမည်စာရင်းများကို တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ လာရောက်၍ စာရင်းပေးသွင်းရမှာ ဖြစ်သည်။
ကလေးပြိုင်ပွဲများအနေဖြင့်
- (က) မွေးကင်းစမှ အသက်(၆)လအတွင်းရှိ ကလေးပြိုင်ပွဲ၊
- (ခ) အသက်(၆)လမှ အသက်(၁)နှစ်အတွင်းရှိ ကလေးပြိုင်ပွဲ၊
- (ဂ) အသက်(၁)နှစ်မှ (၂)နှစ်အတွင်းရှိကလေးပြိုင်ပွဲ၊
- (ဃ) (၂၀၁၄)ခုနှစ်အတွင်း မွေးဖွားခဲ့သော အမွှာကလေးများပြိုင်ပွဲ
စသည်ဖြင့် ပြိုင်ပွဲ အမျိုးအစား(၄)မျိုးဖြင့် ခွဲခြားကျင်းပမည်ဖြစ်သည်။
(၂၈.၁၂.၂၀၁၄)ရက်နေ့တွင် နံနက်(၉း၀၀)နာရီမှ မွန်းလွှဲ(၁၂း၀၀)နာရီအထိ မကာဟိုခမ်းရပ်ကွက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံးတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဆုပေးပွဲ အခမ်းအနားအား မွန်းလွှဲ(၁း၀၀)နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။