ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့တွင် ၂၀၁၄ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက် ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ ဒီဇင်ဘာလ (၄)ရက်၊ နံနက်(၉)နာရီအချိန်က အောင်မြတ်ခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က အဖွင့်အမှာ စကားပြောကြားပြီး ၊ ခရိုင်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိုးမင်း က AIDS ရောဂါဖြစ်ပွားမှု အခြေအနေအား ရှင်းလင်းဟောပြောပြီးနောက် ASG ဥက္ကဋ္ဌ ဒေါက်တာ မြင့်အောင်က ၂၀၁၄ခုနှစ်၊ World AIDS Day ဆောင်ပုဒ်အကြောင်း ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီ ၊ ကာတွန်းပြိုင်ပွဲများတွင် ဆုရကျောင်းသား၊ ကျောင်းသူများအား တပ်နယ်မှ ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်သည်။
အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ ဆရာ၊ဆရာမများ နှင့်
ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြောင်းသိရသည်။
သတင်း ။ ။ ဝေယံလင်း
ဓါတ်ပုံ ။ ။ ဇောင်းညီ
ပုံများကိုကြည့်ရန်