တာချီလိတ်မြို့မ(၀မ်ကောင်း)ဈေးရှိ ပျံကျဈေးသူ၊ ဈေးသားများမှ စည်ပင်သာယာရေးကော်မတီသို့ ပျံကျခုံကိစ္စနှင့် ပတ်သက်၍ ဆိုင်းငံ့ပေးရန် တောင်းဆိုထား

တာချီလိတ်မြို့မ(၀မ်ကောင်း)ဈေးရှိ ပျံကျဈေးသူ၊ ဈေးသားများမှ စည်ပင်သာယာရေးကော်မတီသို့ ပျံကျခုံကိစ္စနှင့် ပတ်သက်၍ ဆိုင်းငံ့ပေးရန် တောင်းဆိုထား
နိုဝင်ဘာ 20, 2014
By Tachileik News Agency
တာချီလိတ်မြို့မ(၀မ်ကောင်း)ဈေးတွင် လက်ရှိ ဖြစ်ပေါ်နေသော ပျံကျခုံတန်း နေရာပြန်လည် ချထားပေးရေး ပြဿနာကိစ္စများနှင့် ပတ်သက်၍ စည်ပင်သာယာရေးကော်မတီနှင့် ဆောက်လုပ်ရေးကုမ္ပဏီတို့ အပါအ၀င် ပျံကျဈေးသူ ဈေးသားများနှင့် အကြိမ်ကြိမ်တွေ့ဆုံ ညှိနှိုင်းသည့် ကိစ္စမှာ ပြီးပြတ်ခြင်း မရှိသေးသည့်အတွက် အဆိုပါကိစ္စများအား ဇမ္ဗူသီရိ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက နိုဝင်ဘာလ(၁၈)ရက်နေ့က ကြယ်ပွင့်မပြ မေးခွန်းအဖြစ် ပြည်သူ့လွှတ်တော်တွင် တင်သွင်းထားပြီဖြစ်သည့်အတွက် ထိုသို့ လွှတ်တော်တွင် တင်သွင်းထားနေစဉ် အချိန်အတွင်း  ပျံကျဈေးသူ၊ ဈေးသားများက ဖော်ပြပါ စာအတိုင်း စည်ပင်သာယာရေး ကော်မတီသို့ တောင်းဆိုစာကို ယနေ့ နိုဝင်ဘာလ(၂၀)ရက် နေ့လယ်ပိုင်းက ပို့ထားကြောင်း သိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~