တာချီလိတ်မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ အလိုက် လုံခြုံရေးနှင့် ဒုစရိုက်၊ မှုခင်း လျော့ပါးရေးတို့အတွက် တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် အဖွဲ့မှ မှုခင်းပိုင်းဆိုင်ရာ အသိပညာပေး ဟောပြောမှုကို ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၂၉)ရက် နံနက် (၉)နာရီမှ (၁၀)နာရီ အချိန်ထိ ရန်အောင်မြေရပ်ကွက်၊ ရန်အောင်မြေ(၂)ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ဆက်လက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအားဆော်က ရပ်ကွက်အတွင်း မှုခင်းကိစ္စရပ်များတွင် ပြည်သူများ ပါဝင်နိုင်ရေး အပြင် ရဲတပ်ဖွဲ့မှ လှည့်ကင်းကိစ္စရပ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ရပ်ကွက်အတွင်း ဒုစရိုက်လျော့ပါးရေး အတွက် လှည့်ကင်းအဖြစ် နေ့စဉ် လှည့်ပတ်ပေးနိုင်ရေးကို တင်ပြဆွေးနွေးသည်။