တစ်နေ့လျှင် နို့(၃)ခွက် အထက် ပိုမိုမသောက်သုံးသင့်ကြောင့် ဆွီဒင်နိုင်ငံ သုတေသန တက္ကသိုလ်တစ်ခုမှ ထုတ်ပြန်

တစ်နေ့လျှင် နို့(၃)ခွက် အထက် ပိုမိုမသောက်သုံးသင့်ကြောင့် ဆွီဒင်နိုင်ငံ သုတေသန တက္ကသိုလ်တစ်ခုမှ ထုတ်ပြန်
နိုဝင်ဘာ 2, 2014
By Tachileik News Agency

နို့နဲ့ပတ်သက်ရင် လူအများစုဟာ သဘာဝကပေးတဲ့ ပြီးပြည့်စုံတဲ့ အစားအစာလို့ ဆိုကြပြီး နို့မှာ အရိုးကောင်းစေတဲ့ ကယ်လ်စီယမ်အပြင် ကျန်းမာရေး ကောင်းမွန်စေတဲ့ အာဟာရဓါတ်များနဲ့ ဗီတာမင်ဒီများ ပါဝင်ကြောင်း သတ်မှတ်ထားပြီးဖြစ်ပါတယ်။


ဒါပေမယ့်နောက်ဆုံး ဆွီဒင်နိုင်ငံ၊ Uppsala တက္ကသိုလ်က သုတေသနပြုချက်အရ နို့ကို ရေရှည် သောက်သုံးခြင်းကြောင့် အရိုးကြေမွ ပျက်စီးလွယ်ကြောင်း၊ အမျိုးသားနှင့် အမျိုးသမီးများမှာပါ အရိုးမာကျောကျစ်လစ်မှု မြင့်မားလာခြင်းကြောင့် ကြေမွပျက်စီးမှု ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း  ၀ါရှင်တန်ပိုစ့်က ရေးသားဖော်ပြထားပါတယ်။

သုတေသန အဖြေများအရ လူတစ်ဦးဟာ (၂၅)နှစ်ခန့် ဆက်တိုက် နို့သောက်သုံးလာခြင်းကြောင့် အရိုးများမာကျောကာ ကြေမွခြင်းဖြစ်စဉ်မှာ စဉ်းစားစရာ ပဟေဠိဖြစ်ပေါ်လာရခြင်းကို ဆက်တိုက် သုတေသန လုပ်ခြင်းကြောင့် သိရှိလာရခြင်းဖြစ်တယ်လို့ သိရပါတယ်။

နို့ကို ပိုမိုသောက်သုံးခြင်းကြောင့်လည်းကောင်း၊ နှစ်ပေါင်းများစွာ နေ့စဉ်ရက်ဆက် သောက်သုံးခြင်းကြောင့် လည်းကောင်း ဒီလိုဆိုးကျိုးများ ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။

၎င်းတို့ သုတေသနပြုချက်အရ လူတစ်ဦးဟာ တစ်နေ့လျှင် နို့(၃)ခွက်ထက် ပိုမိုသောက်သုံးရန် မသင့်ကြောင်းနဲ့ အခြားနို့ပါဝင်တဲ့ အစားအစာများကိုလည်း ချိန်ဆ စားသုံးသင့်ကြောင်း ပြောဆိုထားပါတယ်။

ဘာသာပြန် ။  ။ မင်းသုတ
ref; washingtonpost

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~