တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၏ Liaoning ပြည်နယ်၏ မြို့တော် Shenyang မြို့မှာ စစ်ဘက်ဆိုင်ရာ လက်နက်ကြီးများနှင့် တင့်ကားပုံစံ အလှဆင်တီထွင်ထားသည် ကား(၂)စီးကိုပြသခဲ့သည်။
ထိုတင့်ကားမှာ ဘီး(၆)ဘီး ပါဝင်ပြီး အမြောက်များ၊ စက်သေနတ်များ တပ်ဆင်ထားကာ မီးခိုးဗုံးများ၊ ရာဘာကျည်များ ထည့်သွင်းပစ်ခတ်နိုင်ကြောင်း သိရသည်။
ယခုကားများကို စစ်ဘက်ဆိုင်ရာ ကုန်စည်ပြပွဲတွင် ၀င်ရောက်ပြသမှာဖြစ်ပြီး ရရှိလာမည့် ငွေကြေးများကိုတော့ ဒေသအတွင်း ပြန်လည်လှူဒါန်းသွားမှာဖြစ်ကြောင်း သိရသည်။
ဒီကားကို တီထွင်သူ Mr.Zhang ကတော့ သူကိုယ်တိုင် ဒီဇိုင်းရေးဆွဲခဲ့ပြီး လုံခြုံရေးကောင်းမွန်စွာနဲ့ ဖြည်းဖြည်းချင်း သွားနိုင်အောင် ဖန်တီးခဲ့ကြောင်း ပြောဆိုခဲ့သည်။
ဘာသာပြန် ။ ။ မင်းသုတ
Ref; CCTVNews