တာချီလိတ်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်ကင်းစင်ရေးအပြင် မြို့နယ်လုံးကျွတ် လိုက်ပါ၍ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုများတွင် ပြည်သူ၊ ပြည်သားပီပီ တာဝန်သိတတ်စွာ တက်ကြွစွာဖြင့် ပါဝင်ဆင်နွှဲနိုင်ရန်အတွက် တာချီလိတ်တွင် အပတ်စဉ် စနေနေ့တိုင်း လူထုပါဝင်သည့် သန့်ရှင်းရေးများကို ပြုလုပ်လျက်ရှိရာ ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့ နံနက်ပိုင်းတွင် ဆန်ဆိုင်း(က)ရပ်ကွက်ရှိ နဂါးနှစ်ကောင်ကျောင်းတိုက်နှင့် အခြေခံပညာအထက်တန်းကျောင်း (ဆန်ဆိုင်း)တို့တွင် သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
ယနေ့ နိုဝင်ဘာလ (၁)ရက်နေ့တွင် အမှိုက်ကင်းစင်ရေးအတွက် ဆန်ဆိုင်း(က)ရပ်ကွက်ရှိ နဂါးနှစ်ကောင် ကျောင်းတိုက်နှင့် အခြေခံပညာအထက်တန်းကျောင်း (ဆန်ဆိုင်း)တို့တွင် ဆောင်ရွက်ရာမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး အမှုဆောင်အရာရှိ ဦးကျော်ဇင် နှင့် စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် လူငယ်ပါတီဝင်များ၊ မေတ္တာရှင်(သာရေး/နာရေး) ကူညီမှုအသင်း ဥက္ကဌ ဦးဘိုစံနှင့် အသင်းသား၊ အသင်းသူများ၊ ရွှေတာချီခရီးသွားလုပ်ငန်း (လူမှုကူညီရေးအသင်း)မှ အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် အသင်းသားများ (Taxi ပြေးဆွဲသူများ)၊ အ.ထ.က(တာချီလိတ်)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စသည်တို့မှ တက်ကြွစွာဖြင့် ပါဝင်ဆောင်ရွက်ကြတာကို တွေ့ရှိရသည်။
စက်တင်ဘာလ(၂၇)ရက်မှ စ၍ ယနေ့ စုပေါင်းသန့်ရှင်ရေးလုပ်သည်မှာ (၅)ပတ်တိတိ ရှိပြီး ဆက်လက်၍ အပတ်စဉ် စနေနေ့တိုင်းတွင် လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ပြည်သူလူထုများပါဝင်သည့် စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ ။ ။ ဇောင်းညီ
ပုံများကိုကြည့်ရန်