ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီခရိုင်၊ ခိုတောင်းကျွန်းတွင် အသက်(၄၄)နှစ်အရွယ်ရှိ ဆွစ်ဇလန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည် Mr.Suter Hanpeter သည် နိုဝင်ဘာလ(၈)ရက်နေ့ ညနေပိုင်းက Sairee ကမ်းခြေတွင် ရေကူးရန် ကမ်းခြေဘားဆိုင်မှ တစ်ဦးတည်း ထွက်သွားခဲ့ပြီးနောက် ပျောက်ဆုံးနေကြောင်း သိရသည်။
၎င်းသည် ရေအောက် အသက်ရှုပိုက်သွားယူပြီး အသက်ကယ်ဝတ်စုံ ၀တ်ဆင်သွားခြင်း မရှိကြောင်း သိရပြီး ၎င်း passport နှင့် ကိုယ်ရေးကိုယ်တာ အသုံးအဆောင်ပစ္စည်းများ ထားရှိခဲ့ကြောင်း သိရသည်။
ထိုင်းရဲဖွဲ့များက ၎င်းပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး တောင်သမုဒ္ဒရာဘက်တွင် မုန်တိုင်းရှိသည်ဟု သတင်းကြားပေမယ့် ထိုနေ့က ခိုတောင်းကျွန်း၏ ရာသီဥတုမှာ သာသာယာယာ ဖြစ်နေပြီး သူဟာ အသက်ရှူပိုက်နဲ့ ရေအောက်ဆင်းသွားလျှင် (၄၈)နာရီနောက်ပိုင်း ခန္ဓာကိုယ် ရေပေါ်ပြန်ပေါ်လာမှာ ဖြစ်သော်လည်း ယနေ့အချိန်ထိ သေဆုံးသည့် ခန္ဓာကိုယ် မတွေ့ရသည့်အတွက် လူပျောက်မှုဖြစ်ပြီး Mr. Suter Hanspeter ဟာ အသက်ရှင်လျှက်ရှိနိုင်သည်ဟု ယူဆကြောင်း ပြောကြားသည်။
Mr Suter Hanspeter ပျောက်ဆုံးနေသည့် နေရာသည် လွန်ခဲ့သည့် စက်တင်ဘာလတုန်းက အသတ်ခံရသည့် ဗြိတိန်နိုင်ငံသား(၂)ဦးဖြစ်သည့် ဟန်နာနှင့် ဒေးဗစ်မီလာတို့ သေဆုံးခဲ့ရသော ကမ်းခြေဖြစ်ကြောင်း သိရသည်။
ဘာသာပြန် ။ ။ မင်းသုတ
Ref; Bangkokpost