ရှမ်းပြည်နယ်တစ်ခုလုံးမှ ဂေါက်ကစားသမားများ ပါဝင်မည့် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ကျိုင်းတုံ၌ ကျင်းပမည်

ရှမ်းပြည်နယ်တစ်ခုလုံးမှ ဂေါက်ကစားသမားများ ပါဝင်မည့် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ကျိုင်းတုံ၌ ကျင်းပမည်
နိုဝင်ဘာ 16, 2014
By Tachileik News Agency

၂၀၁၅ခုနှစ်အတွက် ရှမ်းပြည်နယ် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ ရွှေတြိဂံဂေါက်ကွင်းတွင် ၂၀၁၄ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်၌ ကျင်းပသွားနိုင်ရန် အတွက် ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ (၁၆)ရက်နေ့ နံနက်ပိုင်းက ကျိုင်းတုံမြို့ ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူးရုံးတွင် ညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးအောင်သူ နှင့် ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ အပါအ၀င် ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ် ခရိုင်တို့မှ ခရိုင်အုပ်ချုပ်ရေးမှူးများ သက်ဆိုင်ရာ ဌာနများ၊ ဂေါက်ကလပ် ဥက္ကဌများ၊ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့များ စသည်တို့မှ တက်ရောက်လာခဲ့ပြီး ညှိနှိုင်းဆွေးနွေးကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးအောင်သူက ကမ္ဘောဇ ဖလားဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရန်အတွက် အမှာစကား ပြောကြားပြီး ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် တာဝန်ခွဲဝေမှု နှင့် ပြင်ဆင် ဆောင်ရွက်မှုများအပြင် ဆပ်ကော်မတီဖွဲ့၍ တာဝန်များ ကိုယ်စီရယူကာ ဆောင်ရွက်နိုင်ရေး စသည်တို့ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် တာဝန်အသီးသီးပေးအပ်ထားသော ဆပ်ကော်မတီများမှ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် လုပ်ငန်း ပြင်ဆင် ဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြခဲ့ကြသည်။

၂၀၁၅ခုနှစ်အတွက် ရှမ်းပြည်နယ် ကမ္ဘောဇ ဖလားဂေါက်သီးရိုက် ပြိုင်ပွဲကို ၂၀၁၄ခုနှစ် ဒီဇင်ဘာလ (၂၇)ရက် ၀န်းကျင်တွင် ကျင်းပသွားမှာဖြစ်ပြီး အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ အနေဖြင့် မိမိတို့၏ ရလဒ်များကို အငြင်းပွားမှု မဖြစ်စေရေးအတွက် မြန်မာနိုင်ငံဂေါက်အဖွဲ့ချုပ်မှ ပညာရှင် (၅)ဦးကိုလည်း ခေါ်ယူထားပြီး ပြိုင်ပွဲအား ရှမ်းပြည်နယ်တစ်ခုလုံးမှ ဂေါက် ၀ါသနာရှင်များ အနေဖြင့် ၀င်ရောက် ယှဉ်ပြိုင်နိုင်ရန် အတွက် ပြိုင်ပွဲဝင်များ၏ စာရင်းပေးသွင်း ရက်ကို နိုဝင်ဘာလ(၃၀)ရက်နေ့ ထိ သတ်မှတ်ပေးထားကြောင်း သိရသည်။

သတင်း ။  ။ မောင်ဆွေငြိမ်း
ဓါတ်ပုံ ။  ။ လော်ဂူး

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~