အွန်လိုင်းတွင် ကားလိမ်လည်ရောင်းချသူကို ဒေါ်လာ(၁)သန်းဖြင့် ၀ရမ်း

အွန်လိုင်းတွင် ကားလိမ်လည်ရောင်းချသူကို ဒေါ်လာ(၁)သန်းဖြင့် ၀ရမ်း
နိုဝင်ဘာ 20, 2014
By Tachileik News Agency

အမေရိကန်နိုင်ငံမှ နောက်ဆုံးပေါ် ဇိမ်ခံကားများအား အွန်လိုင်းမှတဆင့် လိမ်လည်ရောင်းချနေသူ အမျိုးသားတစ်ဦးကို ဒေါ်လာ(၁)သန်းဖြင့် ဖမ်းဝရမ်း ထုတ်ထားကြောင်းသိရသည်။

ဝရမ်းထုတ်ခံထားရသူကတော့ ရိုမေးနီးယားလူမျိုး Nicolae Popescu ဆိုသူဖြစ်ပြီး သူဟာ နောက်ဆုံးပေါ် ဇိမ်ခံကားတွေရောင်းတဲ့ ၀က်ဆိုဒ်ကြီးတစ်ခု ပြုလုပ်ထားကာ လိမ်လည်ခဲ့ခြင်းဖြစ်ပြီး FBI ကတော့ အွန်လိုင်းရာဇ၀တ်မှု (၁၀)မှုကျော်နဲ့ အလိုရှိနေသူတစ်ဦးလို့ အသိပေး ကြေညာထားကြောင်း သိရသည်။

နာမည်ကြီးဝက်ဆိုဒ်များမှ အချက်လက်များ ရယူကာ အမှာစာများအား Amazon နှင့် Paypal ငွေပေးချေမှုနှင့် ချိတ်ဆက်ရယူပြီး လိမ်လည်ခဲ့ကြောင်းနှင့် သူတို့ဟာ ဒေါ်လာ(၃)သန်းဖိုးခန့် လိမ်လည်ခဲ့ခြင်းဖြစ်ပြီး သူတို့အဖွဲ့ကိုတော့ ဗြိတိန်၊ ကနေဒါ၊ ဂျာမနီ အပါအ၀င် နိုင်ငံပေါင်း (၆)နိုင်ငံက တရားရုံးတွေမှာ တရားစွဲဆိုထားကြောင်း သိရှိရသည်။

ဘာသာပြန် ။  ။ မင်းသုတ
Ref; NBCNews

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~