ထိုင်းနိုင်ငံ ဗုဒ္ဓဘာသာများအသင်းမှ ဂျပန်နိုင်ငံဆိုင်ရာ သံရုံးအား "Blasphemous" ရော့ တေးဂီတအဖွဲ့မှ စင်ပေါ်တွင် ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးကဲ့သို့ ၀တ်ဆင်ကာ မလျော်ကန်စွာ ဖျော်ဖြေမှုအား မကျေနပ်၍ စာပေးပို့ကာ ပြောကြားထားကြောင်း သိရသည်။
ပြီးခဲ့သည့်အပတ်က ဂျပန်နိုင်ငံတွင် Punk-Rock 'Wat Wayhem' သံစုံတီးဝိုင်းအဖွဲ့နှင့် ခေါင်းဆောင် အဆိုတော်မှ အငြင်းပွားဖွယ်ရာ မသင့်လျော်သာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးကဲ့သို့ ၀တ်ဆင်၍ သီဆိုဖြေဖျော်ခဲ့သည်။
ထိုသို့ဖျော်ဖြေမှုအား ထိုင်းနိုင်ငံ National Office of Buddhism(ONAB)အဖွဲ့မှ Aomchai Surachatri ပြောကြားသည်မှာ ယခုကဲ့သို့ celebrities တစ်ဦးအနေနှင့် သီဆိုဖျော်ဖြေမှုသည် ဗုဒ္ဓဘာသာဝင်အားလုံးကို ထိခိုက်နာကျင်စေကြောင်း၊ ဗုဒ္ဓဘာသာနှင့်ဆန့်ကျင်စွာ ၀တ်ဆင်သီဆိုဖျော်ဖြေမှုကို အံ့သြမိကြောင်း၊မလုပ်သင့် မလုပ်ထိုက်သည့် လုပ်ရပ်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ ဥပဒေအရဆိုလျှင် ထောင်ဒဏ်(၇)နှစ်ထိ အပြစ်ပေးနိုင်ကြောင်း နှင့် ဗုဒ္ဓဘာသာဝင်အားလုံးကို စော်ကားခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဂျပန်အဆိုတော် “တာကာယာ”မှ နိုဝင်ဘာ(၁၃)ရက်နေ့တွင် လူမှုကွန်ယက် Twitter မှ ထိုင်းပြည်သူ လူထုအား တောင်းပန်ကြောင်း နှင့် ၎င်းအနေဖြင့် အခြားရည်ရွယ်ချက်များ မရှိကြောင်း ပြန်လည်ရေးသားထားသည်ကို လည်းသိရသည်။
ဘာသာပြန် ။ ။ မင်းသုတ
Ref;khaosodenglish