ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ ကျိုင်းတုံ နှင့် မိုင်းဖြတ်အကြားတွင် ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၂၄)ရက် နံနက် (၁း၁၀)နာရီအချိန်က အင်အား ၃.၀ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိရသည်။
နိုဝင်ဘာလ (၂၃)ရက်နေ့က ည(၆း၁၉)နာရီအချိန်တွင် တာချီလိတ်မြို့ ၌ အင်အား (၄.၄)အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့ပြီး နိုဝင်ဘာလ (၂၄)ရက်နေ့သို့အကူး နံနက် (၁း၁၀)နာရီအချိန်မှာ ကျိုင်းတုံ နှင့် မိုင်းဖြတ်အကြားမှာ လှုပ်ခတ်သွားတာဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ(၂၃)ရက်နေ့က မြန်မာနိုင်ငံအတွင်း တာချီလိတ်မြို့ အပါအ၀င် နေရာသုံးနေရာမှာ ငလျင်လှုပ်ခတ်သွားခဲ့ရာ အမြင့်ဆုံးအဆင့်မှာ (၄.၇)ရှိကြောင်း သိရှိရသည်။
သတင်း ။ ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
Tachileik Online News
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]