အစ္စလာမ် စစ်သွေးကြွ ဘိုကိုဟာရမ်အဖွဲ့မှ ပြန်ပေးဆွဲခံ ကျောင်းသူ အယောက် ၂၀၀ အား အတင်းအဓမ္မ လက်ထပ်စေပြီး အစ္စလာမ်ဘာသာဝင်အဖြစ် သွတ်သွင်း

အစ္စလာမ် စစ်သွေးကြွ ဘိုကိုဟာရမ်အဖွဲ့မှ ပြန်ပေးဆွဲခံ ကျောင်းသူ အယောက် ၂၀၀ အား အတင်းအဓမ္မ လက်ထပ်စေပြီး အစ္စလာမ်ဘာသာဝင်အဖြစ် သွတ်သွင်း
နိုဝင်ဘာ 4, 2014
By Tachileik News Agency

နိုက်ဂျီးရီးယားနိုင်ငံ၊ အစ္စလာမ်စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ ဘိုကိုဟာရမ်အဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၇)ရက်နေ့က အစိုးရဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးနှင့်အတူ ပြန်ပေးဆွဲခံရတဲ့ ကျောင်းသူ အယောက် (၂၀၀)ကို အကျဉ်းသားများနဲ့ လဲလှယ်ရန် သဘောတူညီခဲ့ပြီး ဘိုကိုဟာရမ်အဖွဲ့မှ ၎င်းသဘော တူညီချက်ကို ဖျောက်ဖျက်ကာ ကလေးသူငယ်အရွယ် ကျောင်းသူအယောက်(၂၀၀)ကို အတင်းအဓမ္မ လက်ထပ်ထိမ်းမြားစေကာ အစ္စလာမ်ဘာသာဝင်အဖြစ် ပြောင်းလဲစေပြီးဖြစ်တယ်လို့ အကျဉ်းသားနဲ့ လဲလှယ်ခံရတဲ့ ကျောင်းသူလေးရဲ့ ပြန်ပြောချက်အရ သိရပါတယ်။

( ပြန်ပေးဆွဲခံ မိန်းကလေးများ )

ကိုဘိုဟာရမ်အဖွဲ့က "၎င်းကိစ္စနှင့်ပတ်သက်ပြီး ဘိုကိုဟာရမ်အဖွဲ့မှ စစ်တိုက်နေခြင်းဖြစ်ပြီး ၎င်းတို့အဖွဲ့အနေနဲ့ နောက်သို့ ပြန်လည်ဆုတ်သွားမည် မဟုတ်ဘဲ မိန်းကလေးများအား လက်ထပ်စေကာ အစ္စလာမ် ဘာသာပြောင်းလဲခဲ့ခြင်းမှာ ကြာခဲ့ပြီဖြစ်ကြောင်းနဲ့ ၎င်းတို့ အနေနဲ့ မေ့တောင် မေ့နေပြီဖြစ်ကြောင်း ပြောကြားလာတယ်လို့ သတင်းမီဒီယာများက ရေးသား ဖော်ပြထားပါတယ်။

ကိုဘိုဟာရမ်အဖွဲ့ဟာ (၅)နှစ်အတွင်း လူပေါင်းထောင်ချီသတ်ဖြတ်ခဲ့သလို အသက်ရှင်နေတဲ့ လူပေါင်းများစွာကိုလည်း အစ္စလာမ်ဘာသာအဖြစ် အတင်းအဓမ္မပြောင်းလဲစေခဲ့ကြောင်း အန်ဘီစီသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

 ဘာသာပြန် ။  ။ မင်းသုတ
ref; latestnewslink

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~