အခြေခံ အိမ်တွင်းမှုသင်တန်း အမှတ်စဉ် (၆၈)နှင့် အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၃၈)သင်တန်းဆင်းပွဲ တာချီလိတ်တွင် ပြုလုပ်

အခြေခံ အိမ်တွင်းမှုသင်တန်း အမှတ်စဉ် (၆၈)နှင့် အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၃၈)သင်တန်းဆင်းပွဲ တာချီလိတ်တွင် ပြုလုပ်
နိုဝင်ဘာ 28, 2014
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်း၏ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အခြေခံအိမ်တွင်းမှု သင်တန်း အမှတ်စဉ်(၆၈)နှင့် အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၃၈)သင်တန်းဆင်းပွဲကို ယနေ့ နိုဝင်ဘာလ (၂၈)ရက်၊ နံနက်(၈း၃၀)နာရီ အချိန်က အဆိုပါ ကျောင်း၏ သင်တန်းခန်းမ၌ ကျင်းပကြောင်းသိရသည်။

အခမ်းအနား၌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းထွန်း က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်က ရည်မှန်းချက်(၅)ရပ်ဖြစ်သည့် နယ်စပ်ဒေသရှိ တိုင်းရင်း သူကလေးများကို အိမ်တွင်းမှု သက်မွေးပညာ ရပ်များသင်ကြားပေးရန်နှင့် သင်ကြားတတ်မြောက်သည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရန် ၊ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နိုင်ခြင်းဖြင့် စားဝတ်နေရေး ဘက်စုံတိုးတက်ပြီး၊ လူနေမှု အဆင့်အတန်း မြင့်မား လာစေရန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စောင့်ထိန်းပြီး၊အကျင့်စာရိတ္တ ကောင်းမွန်သည့် အမျိုးသမီးငယ်လေးများ ဖြစ်လာစေရန် ၊ တိုင်းချစ်၊ ပြည်ချစ်၊ အမျိုးချစ်စိတ် အစဉ်ရှင်သန်ထက်မြက်
နေသည့် အမျိုးသမီးငယ်လေးများ ဖြစ်လာစေရန် ၊ ရိုးရာယဉ်ကျေးမှု အိမ်တွင်းမှုအတတ်ပညာ များကို ပိုမိုထွန်းကား လာစေရန် ရည်ရွယ်ချက်များဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း၊ သင်ကြားပေးလိုက်တဲ့ ပညာရပ်တွေနဲ့ မိမိဘ၀ အောင်မြင်တိုးတက်အောင် လက်တွေ့ အသုံးချသွားကြရန် ပြောကြားသည်။

ဆက်လက်၍ အဆင့်မြင့်စက်ချုပ်သင်တန်းတွင် စက်မှုထူးချွန်ပထမဆုရရှိသော ၀မ်ကောင်းရပ်ကွက်မှ သင်တန်းသူ မပါအိုလဲန်းသီးယမ်း အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တတိယဆုအား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းထွန်း က လည်းကောင်း၊ အခြေခံစက်မှုထူးချွန် ပထမဆု ရရှိသော ရန်အောင်မြေရပ်ကွက်မှ သင်တန်းသူ မနန်းဝါ၀ါ အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းမှ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍  ပညာ/လေ့ကျင့် (ရုံးချုပ်)မှ ပေးပို့သည့် အပ်ချုပ်စက်တစ်လုံးစီဖြင့် ဆုများချီးမြှင့်ပေးပြီး၊ အခြေခံ စက်မှုထူးချွန် ဒုတိယဆု အား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့် ကလည်းကောင်း၊ အခြေခံစက်မှု ထူးချွန် တတိယဆု အား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်အေးသန္တာကျော် က လည်းကောင်း၊ အဆောင်စည်းကမ်းလိုက်နာမှု ဆု အား မြို့နယ်စည်ပင်သာယာရေးဌာန မှ အမှုဆောင်အရာရှိဦးကျော်ဇင်က လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစံဖူးလောဝ် ကသင်တန်းဆင်း
လက်မှတ်များအားပေးအပ်သည်။

ထို့နောက် ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း   ။  ။ ဝေယံလင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~