အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ် ကလပ်များ တွေ့ဆုံပွဲ ၀င်ကြေးလက်မှတ် ရိုးရိုးအတွက် ဘတ် ၅၀၀ ဖြင့်သာ ရောင်းချ

အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ် ကလပ်များ တွေ့ဆုံပွဲ ၀င်ကြေးလက်မှတ် ရိုးရိုးအတွက် ဘတ် ၅၀၀ ဖြင့်သာ ရောင်းချ
နိုဝင်ဘာ 17, 2014
By Tachileik News Agency

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမှာဖြစ်ပြီး နိုင်ငံတကာမှ မော်တော်ဆိုင်ကယ် ကလပ်များ၊ အာဆီယံအတွင်းမှ မော်တော်ဆိုင်ကယ်ကလပ်များ စသည်တို့မှ အင်ဂျင်ပါဝါအား 400 စီစီ အထက် ဆိုင်ကယ်များ ကိုသာ စီးနှင်း၍ ရောက်ရှိလာမည့် အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ် ကလပ်များ မိတ်ဆုံ ညစာ စားပွဲကို မြန်မာ - ထိုင်း - လာအို ရွှေတြိဂံဒေသဖြစ်သည့် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းတွင် ဒီဇင်ဘာလ (၁၄)ရက် နှင့် ဒီဇင်ဘာလ(၁၅)ရက် နှစ်ရက်တည်းသာ ကျင်းပပြုလုပ်မှာ ဖြစ်သည့်အတွက် ဒီဇင်ဘာလ(၁၅)ရက်အတွက် ၀င်ကြေးလက်မှတ်များ နှင့် ညစာ စားဝိုင်းလက်မှတ်များကို အကန့်အသတ်ဖြင့် တာချီလိတ်အခြေစိုက် EASTERN EAGLE MC CLUB မှ သတ်မှတ်ဈေးနှုန်းများ အလိုက် ကြိုတင်ရောင်းချပေးနေပြီ ဖြစ်ကြောင်း သိရသည်။

 

ပွဲတော်အား ဒီဇင်ဘာလ(၁၄)ရက် နှင့် ဒီဇင်ဘာလ(၁၅)ရက် နှစ်ရက်တိုင်တိုင်ကျင်းပမည်ဖြစ်ရာ ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် ဒေသခံ အဆိုတော်များမှ Free Show အဖြစ် သီဆို ဖျော်ဖြေကြမှာဖြစ်ပြီး အဆိုပါနေ့အား ၀င်ကြေးအဖြစ် သတ်မှတ်ထားခြင်းမရှိဘဲ ဒီဇင်ဘာလ(၁၅)ရက်နေ့ တစ်ရက်တည်း အတွက်သာ ၀င်ကြေးလက်မှတ် နှင့် ညစာ စားပွဲဝိုင်း လက်မှတ်များကို သတ်မှတ်နှုန်းထားအလိုက် ရောင်းချပေးမည်ဖြစ်ရာ ဒီဇင်ဘာလ(၁၅)ရက်နေ့အတွက် ၀င်ကြေးလက်မှတ်ကို တစ်ဦးလျှင် ဘတ် (၅၀၀)နှုန်းဖြင့်သာ ရောင်းချပေးမှာဖြစ်ရာ လက်မှတ်တစ်စောင်လျှင် SINGHA BEER တစ်ဗူးစီရရှိမှာဖြစ်ပြီး လက်မှတ်များအား အကန့်သတ်ဖြင့် ရောင်းချပေးနေသည် ဖြစ်သည့်အတွက် ယနေ့မှ စ၍ ပွဲတော်မကျင်းပမီ အချိန်ထိ  EASTERN EAGLE MC CLUB ရုံးခန်း နှင့် အောက်ဖော်ပြပါ ဆက်သွယ်ရန်လိပ်စာမှ တဆင့် ၀ယ်ယူရရှိနိုင်မှာ ဖြစ်ကြောင်း သိရသည်။

ဝိုင်း(၁)၀ိုင်းလျှင် လူ(၈)ဦး သတ်မှတ်ထားပြီး စားသောက်ဖွယ်ရာ (၈)မျိုးပါသည့် ညစာ စားပွဲ လက်မှတ်များကိုလည်း အကန့်အသတ်ဖြင့် ရောင်းချပေးနေလျက်ရှိရာ အဆိုပါ စားပွဲဝိုင်းလက်မှတ်များနှင့် ပတ်သက်၍ အောက်ပါ ဆက်သွယ်ရန်မှတဆင့် ဆက်သွယ်မေးမြန်းဝယ်ယူနိုင်မှာဖြစ်ပါသည်။

ဝင်ကြေးလက်မှတ် သို့မဟုတ် ညစာစားပွဲဝိုင်းလက်မှတ် ၀ယ်ယူထားသူများ အနေဖြင့် ပွဲခင်းထဲတွင် ပြသထားသော နိုင်ငံတကာမှ စီးနင်းလာကြသည့် ဆိုင်ကယ်အမျိုးမျိုး၊ ဆိုင်ကယ်ပြခန်းများ၊ ဆိုင်ကယ်စီးသမား အသုံးအဆောင်ပစ္စည်း ဆိုင်များ၊ ဆိုင်ကယ်အလှဆင် ပစ္စည်းများ၊ မော်တော်ဆိုင်ကယ် ကလပ် အသီးသီး၏ ပြခန်းနှင့် အမှတ်တရ ပစ္စည်း အရောင်းဆိုင်များ၊ အင်ဒီးယန်းကျေးရွာနှင့် ရက်ဒ် အင်ဒီးယန်းများ၊ ပွဲအား ကူညီပံ့ပိုးပေးသော SINGHA BEER ကော်ပိုရေးရှင်း၊ (SUNTANA)စန်ထာန သစ်သီးဖျော်ရည်၊ (CEPSA) ဆက်(ပ်)စာ အင်ဂျင်ဝိုင်၊ တော်ဝင်မြန်မာကုမ္ပဏီ၊ ဟိုတယ်တာချီလိတ်၊ ထူးနေခြည် ကုမ္ပဏီ၊ စိန်လားဟူကုမ္ပဏီ၊ EASTERN EAGLE MYANMAR ခရီးသွားလာရေးကုမ္ပဏီ တို့၏ အရောင်းပြခန်းများကို လေ့လာကြည့်ရှု နိုင်မှာဖြစ်ကြောင်း သိရသည်။

(၀င်ခွင့်လက်မှတ်)

လက်မှတ်ဝယ်ယူရန်
ထိုင်းဖုန်း -094-839-8980 နှင့် မြန်မာဖုန်း -09-254-966-546 သို့ဆက်သွယ်နိုင်ပြီး၊
EASTERN EAGLE MC CLUB HOUSE,
NO.53 သဇင်လမ်း၊ တာလော့ရပ်၊ တံတား(၁) အ၀ိုင်းအနီးတွင် လည်း ၀ယ်ယူရရှိနိုင်ပြီး၊
EASTERN EAGLE အဖွဲ့ဝင်များထံမှလည်း ၀ယ်ယူရရှိနိုင်ပါသည်။

သိသင့်သည့် ဆက်စပ်သတင်းများ

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~