တာချီလိတ်၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ် ကလပ်များ တွေ့ဆုံပွဲသို့ နိုင်ငံခြားသား အယောက် တစ်ထောင်ဝန်းကျင် လာရောက်မည်ဖြစ်ရာ တိုင်းရင်းသား ရိုးရာပစ္စည်းများ ရောင်းချနိုင်ရန် ဖိတ်ခေါ်

တာချီလိတ်၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ် ကလပ်များ တွေ့ဆုံပွဲသို့ နိုင်ငံခြားသား အယောက် တစ်ထောင်ဝန်းကျင် လာရောက်မည်ဖြစ်ရာ တိုင်းရင်းသား ရိုးရာပစ္စည်းများ ရောင်းချနိုင်ရန် ဖိတ်ခေါ်
နိုဝင်ဘာ 10, 2014
By Tachileik News Agency

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ် ကလပ်များ တွေ့ဆုံပွဲကို ၂၀၁၄ခုနှစ် ဒီဇင်ဘာလ(၁၄)ရက်နေ့ မှ (၁၅)ရက်နေ့ထိ တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ အာဆီယံနိုင်ငံများရှိ မော်တော်ဆိုင်ကယ် ကလပ်များနှင့် နိုင်ငံတကာ မော်တော်ဆိုင်ကယ် ကလပ်များမှ အင်ဂျင်ပါဝါအား 400 စီစီ အထက်ဆိုင်ကယ်များ  စီးနင်းပြီး တာချီလိတ်မြို့သို့ လာရောက်ကာ ပါဝင် ဆင်နွှဲကြမည်ဖြစ်ပြီး နိုင်ငံခြားသား အယောက်(၅၀၀)မှ (၁၀၀၀)၀န်းကျင်အထိ လာရောက်နိုင်ဖွယ်ရှိကြောင်း သိရသည်။

အဆိုပါပွဲတော်တွင် နိုင်ငံခြားသားများ လာရောက်ကြမှာဖြစ်သည့်အတွက် ရှမ်းရိုးမကွင်းအတွင်း ဆိုင်ခန်းများ ဖွင့်လှစ်ထားရှိမည်ဖြစ်ရာ မြန်မာ တိုင်းရင်းသားများ၏ အနုပညာပစ္စည်းများ၊ ရိုးရာပစ္စည်းများအား ထုတ်ဖော်ပြသကာ နိုင်ငံခြားသားများ ၀ယ်ယူနိုင်ရန်အတွက် အဆိုပါပွဲတော်အတွင်း အာခါ၊ လားဟူ၊ ရှမ်း စသည့် တိုင်းရင်းသားကိုယ်စားပြု ရိုးရာအ၀တ်အထည်များ၊ ရိုးရာပစ္စည်းများကို လာရောက် ရောင်းချနိုင်ရန်အတွက် 1st Myanmar Tachileik Bike Week ဖြစ်မြောက်ရေးအဖွဲ့မှ ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင် ရပ်နီးရပ်ဝေးမှလည်း လာရောက်ရောင်းချနိုင်မှာဖြစ်ကြောင်းနှင့် အဓိကအားဖြင့် တိုင်းရင်းသားရိုးရာ ပစ္စည်းများကိုရောင်းချစေလိုကြောင်း သိရှိရသည်။

ဒီဇင်ဘာလ(၁၅)ရက်နေ့အတွက် ညစာစားပွဲလက်မှတ်နှင့် ၀င်ခွင့်လက်မှတ်များကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးမည်ဖြစ်ရာ ဦးရာလူ စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

လက်မှတ်ဝယ်ယူရန် နှင့် ဆက်သွယ်စုံစမ်းရန်
ထိုင်းဖုန်း -094-839-8980 နှင့် မြန်မာဖုန်း -09-254-966-546 သို့ဆက်သွယ်နိုင်ပြီး၊
EASTERN EAGLE MC CLUB HOUSE,
NO.53 သဇင်လမ်း၊ တာလော့ရပ်၊ တံတား(၁) အ၀ိုင်းအနီးတွင် လည်း ၀ယ်ယူရရှိနိုင်ပြီး၊
EASTERN EAGLE အဖွဲ့ဝင်များထံမှလည်း ၀ယ်ယူရရှိနိုင်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

သိသင့်သည့် ဆက်စပ်သတင်းများ

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~