တရုတ်နိုင်ငံမှ အိပ်ယာအတွင်း နံနက်စာ စားခြင်းပွဲ ကမ္ဘာ့မှတ်တမ်းဝင်သွား

တရုတ်နိုင်ငံမှ အိပ်ယာအတွင်း နံနက်စာ စားခြင်းပွဲ ကမ္ဘာ့မှတ်တမ်းဝင်သွား
နိုဝင်ဘာ 14, 2014
By Tachileik News Agency

တရုတ်နိုင်ငံ၊ ရှဲန်ဟိုင်းဟိုတယ်တစ်ခုမှာ “အိပ်ယာအတွင်းမှ နံနက်စာ စားခြင်း”အမည်နဲ့ အိပ်ယာထဲမှာ နံနက်စာ စားသုံးနေသူများ အများဆုံးအဖြစ် နိုဝင်ဘာလ အတွင်းမှာ ကမ္ဘာ့မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရပါတယ်။

အိပ်ယာထဲမှာ မနက်စာ စားတယ်ဆိုတာ ပျင်းရိခြင်းတစ်မျိုးပါ ဘယ်သူမှ မကြိုက်ပါဘူး ဒါကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကမ္ဘာ့မှတ်တမ်းဝင်အောင် ပွဲတစ်ခုအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

ယခုပွဲကိုတော့ လူပေါင်း (၃၈၈)ယောက် ပါဝင်ဆင်နွဲခဲ့ပြီး ဂရင်းနစ်စံချိန်အဖြစ် ၀င်သွားခဲ့ပါတယ်။ အားလုံးဟာ တစ်ချိန်တည်းမှာ အိပ်ယာပေါ်က နံနက်စာစားသုံးခဲ့ခြင်းဖြစ်ပါတယ်။

ဘာသာပြန် ။  ။ မင်းသုတ
Ref; CCTV

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~