ကျောက်တုံးဆင့်ခြင်း အနုပညာ

ကျောက်တုံးဆင့်ခြင်း အနုပညာ
နိုဝင်ဘာ 6, 2014
By Tachileik News Agency

ဒီနည်းပညာကို အမေရိကန်နိုင်ငံမှ  Mr. Michael Grab ဆိုသူက ၂၀၀၈ ခုနှစ်မှာ စမ်းသပ် တီထွင်ခဲ့ခြင်းဖြစ်ပါတယ်။ ကျောက်တုံးဆင့်ရာမှာ အနည်းဆုံး (၃)တုံးဆင့်အသုံးပြုရပြီး ကမ္ဘာမြေဆွဲအားနဲ့ ကျောက်တုံးများရဲ့ဗဟိုချက်ကို တည့်မှတ်အောင် ပြုလုပ်ရတာဖြစ်ပါတယ်။ Gravity Glue လို့ နာမည်ပေးထားပြီး ကျောက်တုံးကို ကမ္ဘာမြေဆွဲအား အခြေခံပြီး ကပ်ခြင်းဖြစ်ပါတယ်။

တကယ်လို့ သင်ဟာ ဒီကျောက်တုံးတွေကို လိုက်လံ ဆင့်ထပ်ကြည့်မယ်ဆိုရင် ပထမဆုံး ကျောက်တုံးဆင့်ချိန်မှာ ကျောက်တုံးချင်းထိတွေ့မှုအရ Click(ကလစ်)ဆိုတဲ့ သေးငယ်တဲ့အသံခံစားမှုအတူ ကျောက်တုံးရဲ့ ဗဟိုချက်ချင်းထိတွေ့မှု ကြောင့် တင်နေတာကိုတွေ့ရမှာပါ။ ကျောက်တုံးများရဲ့ သေးငယ်တဲ့ ဗဟိုချက်ချင်းထိတွေ့မှုတွေကို လိုက်လံရှာဖွေပြီး ကပ်ရခြင်းဖြစ်ပါတယ်။ အဓိက အခြေခံတာကတော့ ကမ္ဘာမြေရဲ့ဆွဲအားပါဘဲ။

Mr Michael Grab ကတော့ သူဒီလိုကျောက်တုံး လိုက်ကပ်နေခြင်းဟာ တရားကျင့်နေရသလိုဘဲတဲ့ စိတ်ငြိမ်မှုကို အဓိကထားရတယ်။ ကျောက်တုံးတစ်တုံးချင်းရဲ့ Point - Balance ကိုရှာရပြီး ဘေးဘယ်ညာ အလေးချိန်မျှပြီး ကမ္ဘာမြေဆွဲအား ထောက်လို့ရတဲ့ နေရာအစိတ်အပိုင်းကို တွေ့မှ ဆင့်လို့ရတာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ အင်မတန် ခက်ခဲ ပါတယ်လို့ဆိုပါတယ်။ ဒါပေမယ့် လုပ်ကျင့် ရှိသွားတဲ့ Michael Grab အတွက်ကတော့ ခက်တဲ့ အလုပ် မဟုတ်တော့ ပါဘူးလို့ဆိုထားပါတယ်။

ဘာသာပြန် ။  ။ မင်းသုတ
photo: gravityglue.com
ref; gravityglue.com

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~