ပြီးခဲ့သည့် နိုဝင်ဘာ(၁၃)ရက်နေ့က သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့အနီးရှိ ဘွန်နီကမ်းခြေမှာ လူပေါင်း (၄၀၀)ကျော် သဲထဲခေါင်းစိုက်ကာ ထူးဆန်းသည့် ဆန္ဒပြုမှု တစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခုလို သဲထဲခေါင်းစိုက်ကာ ဆန္ဒထုတ်ဖော်ခြင်း နှင့် ပတ်သက်၍ G20 အစည်းအဝေးတွင် သြစတေးလျ အစိုးရမှ ကမ္ဘာကြီးပြောင်းလဲမှုများအား အရေးတယူဆွေးနွေးခြင်း၊ အားတက်တရောပါဝင်မှု မရှိခြင်းတို့အတွက် ဆန္ဒပြခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု အကန့်အသတ် အသုံးပြုရေး သဘောတူညီမှုပေါ်တွင် သြစတေးလျှ အစိုးရမှ အရေးတယူမရှိခြင်း ပါဝင်မှုမရှိခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ၊ အလုပ်သမားများ စသည့် လူတန်းစားပေါင်းစုံပါဝင်၍ ဆန္ဒပြခဲ့ကြောင်းသိရှိရသည်။
ဘာသာပြန် ။ ။ မင်းသုတ
Ref; theguardian
Photo: Mike Bowers