တာချီလိတ်မြို့နယ် ၀မ်ကောင်းရပ်ကွက်၌ အမှိုက်ကင်းစင်ရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်

တာချီလိတ်မြို့နယ် ၀မ်ကောင်းရပ်ကွက်၌ အမှိုက်ကင်းစင်ရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်
အောက်တိုဘာ 18, 2014
By Tachileik News Agency

တာချီလိတ်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်ကင်းစင်ရေးအပြင် မြို့နယ်လုံးကျွတ် လိုက်ပါ၍  သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုများတွင် ပြည်သူ၊ ပြည်သားပီပီ တာဝန်သိတတ်စွာ တက်ကြွစွာဖြင့် ပါဝင်ဆင်နွှဲနိုင်ရန်အတွက် ၀မ်ကောင်းရပ်ကွက်မှ ပထမဦးဆုံး ၂၀၁၄ခုနှစ် စက်တင်ဘာလ (၂၇)ရက် က စတင်ခဲ့ကြပြီး ယနေ့ အောက်တိုဘာလ(၁၈)ရက် စနေနေ့တွင်လည်း ၀မ်ကောင်းရပ်ကွက် အတွင်း စုပေါင်းအင်အားဖြင့် သန့်ရှင်းရေးများကို တက်ကြွစွာဖြင့် ပြုလုပ်ခဲ့ကြသည်။

ယနေ့ အောက်တိုဘာလ (၁၈)ရက်တွင် အမှိုက်ကင်းစင်ရေးအတွက် ၀မ်ကောင်းရပ်ကွက်အတွင်း ဆောင်ရွက်ရာမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး အမှုဆောင်အရာရှိ ဦးကျော်ဇင် နှင့် စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ၀မ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ၀မ်ကောင်းရပ်ကွက်သူ ရပ်ကွက်သားများ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် လူငယ်ပါတီဝင်များ၊ မေတ္တာရှင်(သာရေး/နာရေး) ကူညီမှုအသင်း ဥက္ကဌ ဦးဘိုစံနှင့် အသင်းသား၊ အသင်းသူများ၊ ရွှေတာချီခရီးသွားလုပ်ငန်း (လူမှုကူညီရေးအသင်း)မှ အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် အသင်းသားများ (Taxi ပြေးဆွဲသူများ) စသည်တို့မှ တက်ကြွစွာဖြင့် ပါဝင်ဆောင်ရွက်ကြတာကို တွေ့ရှိရသည်။

စက်တင်ဘာလ(၂၇)ရက်မှ စ၍ ယနေ့ စုပေါင်းသန့်ရှင်ရေးလုပ်သည်မှာ(၄)ပတ်တိတိ ရှိပြီဖြစ်သော်လည်း တာချီလိတ်မြို့ပေါ်တွင် ရပ်ကွက်များအနေဖြင့် ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်၊ ၀မ်ကောင်းရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ ရန်အောင်မြေရပ်ကွက်၊ ၀ိန်းကျောက်ရပ်ကွက်၊ ပါဆပ်ရပ်ကွက် နှင့် ဆေခမ်းရပ်ကွက် စုစုပေါင်း (၁၁)ရပ်ကွက်ရှိရာ လတ်တလော အပတ်စဉ် စနေနေ့တိုင်းတွင် ၀မ်ကောင်းရပ်ကွက် တစ်ခုတည်းသာ စုပေါင်းပါဝင်နိုင်မည့် မြို့သန့်ရှင်းရေးလုပ်ငန်းကို လုပ်ဆောင်နေတာကိုလည်း တွေ့ရှိရသည်။

"သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကလည်း မိမိတို့ ရပ်ကွက်တွေမှာ ဆော်သြပြီး လုပ်ကြရင် ရပ်ကွက်သူ၊ ရပ်ကွက်သားတွေလည်း လိုက်ပါလာကြမှာပါ၊ ကျွန်တော်တို့ အနေနဲ့ကတော့ တာချီလိတ်မြို့ကို သာယာလှပတဲ့ မြို့လေးတစ်မြို့ ဖြစ်စေချင်တယ်"ဟု ၀မ်ကောင်းရပ်ကွက်နေ ဦးအောင်ဝင်းက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

ဝမ်ကောင်းရပ်ကွက်သည် အပတ်စဉ် စနေနေ့တိုင်း စုပေါင်း သန့်ရှင်းရေးနေ့အဖြစ် သတ်မှတ်ထားရှိပြီး အပတ်စဉ် တနင်္ဂနွေနေ့ နံနက်တိုင်းတွင်လည်း ၀မ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် စုပေါင်း ဆွမ်းလောင်းပွဲအဖြစ် ပြုလုပ်လေ့ရှိကြောင်းလည်း သိရှိရသည်။

သတင်း။   ။ ကိုဇောင်း
ဓါတ်ပုံ။   ။ ဇောင်းညီ

ပုံများကိုကြည့်ရန်
ဝမ်ကောင်းရပ်ကွက်၌ အမှိုက်ကင်းစင်ရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်

71 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~