ဗြိတိန်နိုင်ငံသားများ အုပ်စုလိုက် နိုင်ငံရပ်ခြားခရီးသွားလာခြင်းသည် ငွေကြေးဖြုန်းတီးမှုသက်သက်နှင့် အဓိက အလုပ်သမားကွာဟချက်ဖြစ်ကြောင်း ပြောကြား

ဗြိတိန်နိုင်ငံသားများ အုပ်စုလိုက် နိုင်ငံရပ်ခြားခရီးသွားလာခြင်းသည် ငွေကြေးဖြုန်းတီးမှုသက်သက်နှင့် အဓိက အလုပ်သမားကွာဟချက်ဖြစ်ကြောင်း ပြောကြား
အောက်တိုဘာ 26, 2014
By Tachileik News Agency

ဗြိတိန်နိုင်ငံသို့ အာဖရိကနိုင်ငံမှ ကလေးထိန်းများ၊ အိမ်အကူများနှင့် အိန္ဒိယနိုင်ငံမှ အခြေခံ အလုပ်သမားများ နှစ်စဉ်တိုးတက်လာမှုသည် ဗြိတိန်နိုင်ငံသား အလုပ်သမားများနှင့် လူဦးရေ ရာခိုင်နှုန်းကွာဟချက်၏ အဓိကအကြောင်းအရင်းများဖြစ်ပြီး၊ ဗြိတိန်နိုင်ငံသားများသည် နေအိမ်တွင် အနားယူ အပန်းဖြေခြင်းနှင့် အုပ်စုလိုက် နိုင်ငံရပ်ခြားခရီး ထွက်ခြင်းများနှင့်သာ ကုန်ဆုံးနေခြင်းသည် နိုင်ငံသား အလုပ်သမား ဦးရေကွာခြားချက်ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေမည်ဖြစ်ပြီး အချိန်နှင့် ငွေကြေးဖြုန်းတီးမှု သက်သက်သာဖြစ်ကြောင်း၊ UK နိုင်ငံဖွံ့ဖြိုးမှုစောင့်ကြည့်ရေးအဖွဲ့မှ ပြောကြားခဲ့သည်။

ယခုလို ခရီးသွားလာခြင်းသည် လူငယ်အများစုဖြစ်ပြီး နိုင်ငံအနာဂါတ်ကို ဦးဆောင်ဖန်တီးနိုင်မှု၏ စွမ်းအားစုများဖြစ်ပြီး ယခုကဲ့သို့ ဆက်လက် လုပ်ဆောင်နေပါက နိုင်ငံတိုးတက်မှုနှုန်း တဖြည်းဖြည်း ကျဆင်းလာမှာဖြစ်သည်။


ဗြိတိန်နိုင်ငံသားများ၏ ခရီးစဉ်များဖြစ်သော နီပေါနှင့် ကမ္ဘောဒီယားနိုင်ငံရှိ အပျော်တမ်း တောင်တက်လုပ်ငန်းများတွင် မိဘမဲ့ ကလေးသူငယ်များနှင့် အခြားကလေး သူငယ်များသည် အတင်းအဓမ္မ လမ်းပြအဖေါ် အဖြစ် ခေါ်ယူခိုင်းစေမှုများဖြစ်ပေါ်နေပြီး ၎င်းတို့အား လုပ်အားပေးများဟု ကြားကောင်းအောင် ခေါ်ဆိုနေကြခြင်းဖြစ်ကာ ကလေးသူငယ် အခွင့်အရေးအား အလွှဲသုံးစား ပြုမှုနေခြင်းဖြစ်ကြောင်း ဖေါ်ပြထားပြီး လန်ဒန်ရှိ Braithwaite Hall ခရီးသွားလာမှု ညီလာခံတွင် ယင်းကိစ္စအား သေချာတွေးတော၍ လုပ်အားပေးများ ခေါ်ယူသင့်ကြောင်း ပြောကြားသွားသည်။

ဗြိတိန်နိုင်ငံ ခရီးသွားအဖွဲ့မှ အကြီးအကဲက ဒီကိစ္စဟာ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုနှုန်းနှေးကွေးခြင်းကြောင့် အချိန်ပိုင်းလုပ်အားပေးများ ပိုမိုပြားလာခြင်းဖြစ်ကြောင်း ပြောကြားသွားသည်။

ယင်းနိုင်ငံများ၏ အလုပ်အကိုင် အခွင့်အလမ်းရှားပါးခြင်းသည် ဗြိတိန်နိုင်ငံသို့ အလုပ်သမားဦးရေတိုးတက် ပြောင်းရွှေ့လာကြပြီး ဗြိတိန်နိုင်ငံသားများ အိမ်တွင်အနေများပြီး ခရီးသွားခြင်းများအား ပိုမို လုပ်ဆောင်လာခြင်း ဖြစ်ကြောင်းနှင့် ယင်းသို့ ပြုမှုနေခြင်းသည် ငွေကြေးဖြုန်းတီးမှုသက်သက်နှင့် နိုင်ငံသားအလုပ်သမား ကွာဟချက်၏ အဓိကအကြောင်းအရင်း များဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

ဗြိတိန်နိုင်ငံ ခရီးသွား အဖွဲ့အနေနှင့် ခရီးသွားခြင်းနှင့်အတူ ယင်းဒေသရှိ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှသာလျှင် မိမိနိုင်ငံ၏ ငွေကြေးဖြုန်းတီးမှုနှင့် နိုင်ငံသား အလုပ်သမားကွာဟမှု ပြဿနာလည် ပြေလည်မည်ဖြစ်သည်။

ဗြိတိန်နိုင်ငံခရီးသွားလာရေးအဖွဲ့အနေဖြင့်  ခရီးသွားရင်း လုပ်အားပေးများအဖြစ် လုပ်ဆောင်သွားကာ လုပ်အားပေး ခရီးသွားသူများအဖြစ်နှင့် ဆက်လက်ဖန်တီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားသွားသည်။

ဘာသာပြန်။  ။ မင်းသုတ
ref; independent.co.uk
photo: independent.co.uk

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~