တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ရပ်ကွက်(၁) အိမ်အမှတ် (ပလ/၄၇)နေ အသက်(၅၅)ရှိ ဒေါ်ကြည်ကြည်ညွန့်သည် နှလုံးသွေးကြောပိတ်ရောဂါကို ခံစားနေရရှာပြီးနောက် တာချီလိတ်မြို့ ပြည်သူ့ဆေးရုံ နှင့် ထိုင်းနိုင်ငံ ချင်းရိုင်းဆေးရုံတို့တွင် ဆေးဝါးကုသမှု ခံယူခဲ့သော်လည်း မသက်သာသည့် အတွက်ကြောင့် ပျဉ်းမနားသို့ သွားရောက်၍ ဆေးကုသရန် ဆေးဝါးကုသစရိတ် နှင့် လမ်းစရိတ်အတွက် အမှန်တကယ် အခက်အခဲ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရ၍ တာချီလိတ်မြို့ရှိ စေတနာရှင် ပြည်သူများမှ မိမိတို့ တက်နိုင်သည့် ဘက်မှ ပါဝင်ကုသိုလ်ယူ ကူညီ ထောက်ပံ့နိုင်ရန်အတွက် တာချီလိတ်အွန်လိုင်းမှ စက်တင်ဘာလ(၂၈)ရက်နေ့က ဖော်ပြခဲ့ပြီးဖြစ်ရာ ယနေ့ အောက်တိုဘာလ(၁)ရက်နေ့တွင် တာချီလိတ်မြို့ရှိ စေတနာရှင်များ၏ စုပေါင်း လှူဒါန်းမှုကြောင့် ကျပ်(၁၄၄၁၀၀၀)တိတိ ရရှိလာရာ ယနေ့ညနေ (၆)နာရီအချိန်တွင် လူနာရှင်ထံ သွားရောက်ကာ ထောက်ပံ့အလှူငွေများအား ပေးအပ်ခဲ့ကြသည်။
နှလုံးသွေးကြောပိတ်ရောဂါကို ခံစားနေရရှာသူ ဒေါ်ကြည်ကြည်ညွှန့်အတွက် တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်နေ ( CNCMC)ကော်မတီဝင်များဖြစ်သည့် ဦးစည်သူမောင် + ဒေါ်နန်းကြာဖြူတို့မှ အဓိကဦးဆောင်၍ အလှူငွေများ ကောက်ခံပေးရာတွင် တာချီလိတ်မြို့ရှိ အောက်ပါဖော်ပြ စေတနာရှင်များမှ မိမိတို့ တက်နိုင်သည့် ဘက်မှ ပါဝင်ကုသိုလ်ယူ၍ လှူဒါန်းလာကြပါသည်။
၁။ ဦးညီညီလှိုင် + ဒေါ်ခင်မျိုးမြတ် ( မိသားစု ) - (၂)သိန်းကျပ်
၂။ ဦးစိုင်းကျော်ဝေါ + ဒေါ်နန်းခမ်းမိုင် ( မိသားစု ) - (၁၅၂၉၀၀)ကျပ်
၃။ ဦးထွန်းထွန်းဝင်း + ဒေါ်အေးသန္တာကျော် ( မိသားစု ) - (၁)သိန်းကျပ်
၎။ ဦးမြင့်ဦး(သတ္တုလုပ်ငန်းရှင်များအသင်း - ဥက္ကဌ)+ ဒေါ်နန်းသောင် ( မိသားစု ) - (၁)သိန်းကျပ်
၅။ ဦးခင်မောင်ကျော် + ဒေါ်စုစုမင်း ( မိသားစု ) - (၁)သိန်းကျပ်
၆။ ဦးတင်လှိုင် + ဒေါ်နန်းမိမိလေး ( အဆွေတော်မီနီမတ်(ရတနာစံအိမ်တော်) နှင့် အဆွေတော်မိသားစု(၂၄)နာရီအထူးကုဆေးခန်း)မိသားစု - (၁)သိန်းကျပ်
၇။ ဦးအောင်မျိုးဝင်း + ဒေါ်စိုးဥမ္မာ (အောင်မျိုးဝင်း ကွမ်းပစ္စည်းဆိုင်) ( မိသားစု ) - (၁)သိန်းကျပ်
၈။ ဦးစည်သူမောင် + ဒေါ်နန်းကြာဖြူ ( မိသားစု ) - (၁)သိန်းကျပ်
၉။ ဦးစိုင်းဝဏ္ဏထွန်း + ဒေါ်နန်းရှဲန်ယုန်း ( ၀ဏ္ဏသိန်းသန်းသတ္တုတူးဖော်ရေးကုမ္ပဏီ ) ( မိသားစု ) - (၁)သိန်းကျပ်
၁၀။ ကိုပြူး + မချို ( M.C နွားနို့ - ဒိန်ချဉ် ) မိသားစု - (၁)သိန်းကျပ်
၁၁။ ဦးမောင်မောင် + ဒေါ်ပါညွန့်  ( ရွှေလိပ်ပြာ မိသားစု ) ဆန်ဆိုင်း(က) - (၅)သောင်းကျပ်
၁၂။ မဖြူဖြူသွယ် - (၃)သောင်းကျပ်
၁၃။ ကိုဇော်မြင့် ( ရုပ်သေးရုပ် ) - (၂)သောင်းကျပ်
၁၄။ ဦးကိုကိုဇော် + ဒေါ်ဝင်းဝင်းလှိုင် သမီး ဝင်းလဲ့လဲ့ဇော်( မျိုးဆက်သစ် စတိုး ) မိသားစု - (၂)သောင်းကျပ်
ထိုင်းဘတ်ငွေဖြင့်
၁။ ဦးအောင်ကျော်မြင့် ("ကျော်" ကူးသန်းရောင်းဝယ်ရေး နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း)- (၂)ထောင်ဘတ်
၂။ မဧရာဝတီထွန်း - (၂)ထောင်ဘတ်
၃။ ဦးမောင်လှ+ ဒေါ်ထွေးကြည်(ဆင်ဖြူတော်ကဖေး)မိသားစု - (၁)ထောင်ဘတ်
၎။ ဒေါ်ရွှေအုံ (မိသားစု) - (၅)ရာဘတ်
ထိုင်းဘတ်ငွေ (၅၅၀၀)ဘတ်အား မြန်မာငွေဖြင့် လဲလှယ်ရာ (၁၆၈၁၀၀)ကျပ် ရရှိပြီး စုစုပေါင်းမှာ ကျပ်(၁၄၄၁၀၀၀)တိတိ ရရှိလာသည့်အတွက် လူနာရှင်ဖြစ်သူ ဒေါ်ကြည်ကြည်ညွှန့်ထံ လက်ဝယ်အရောက် သွားရောက်အပ်နှံခဲ့ပြီးဖြစ်ကြောင်း စေတနာရှင်အလှူရှင်များ မြင်တွေ့နိုင်ရန်အတွက် ပုံနှင့် တကွဖော်ပြလိုက်ရပါသည်။
ဝေဒနာရှင် ဒေါ်ကြည်ကြည်ညွှန့်က "ခုနှစ်ရက်သားသမီးများ အားလုံး အန်တီ အသက်ကယ်ဆယ်တဲ့အနေနဲ့ ထောက်ပံ့ကူညီလာတဲ့အတွက် ကျေးဇူးအရမ်းပါတယ်၊ ၀မ်းနည်းဝမ်းသာဖြစ်ရတယ်၊ နောက်များမှာလည်း အန်တီလို ဝေဒနာခံစားနေရတဲ့ လူတွေရှိရင်လည်း စေတနာရှင်များအနေနဲ့ အခုလိုဘဲ ကူညီ လှူဒါန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်"ဟု ကျေးဇူးတင်စကား ပြောကြားလာသည်။
တာချီလိတ်မြို့သည် နယ်စပ်ဒေသမြို့ဖြစ်သော်လည်း လူမှုရေးကိစ္စရပ်များနှင့် ပတ်သက်၍ စေတနာရှင် များစွာရှိကြပြီး လူမှုရေး အသင်းအဖွဲ့များလည်း များစွာရှိသည့်အပြင် ယခုလို လူမှု အသိစိတ်ဓါတ်များဖြင့် မိမိတို့ နိုင်သည့်ဘက်မှ ကူညီပေးသည့် စိတ်ဓါတ်မျိုးသည် တာချီလိတ်မြို့တွင် အများအပြား တွေ့မြင်ရလျက်ရှိပါသည်။