စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှုး ဗိုလ်မှူးကြီးဇော်နိုင်ဦး ဦးဆောင်မှုဖြင့် နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ၂၀၁၄ အောက်တိုဘာလ (၂)ရက် နှင့် (၃)ရက်နေ့များတွင် တာချီလိတ်မြို့နယ်၊ ကြိုးတံတားကျေးရွာနှင့် အနီးဝန်းကျင်ရွာများရှိ ကျေးရွာများမှ ဒေသခံ တိုင်းရင်းသား ပြည်သူများအား အခမဲ့ဆေးဝါးကုသပေးခြင်းနှင့် ဆေးဝါးထောက်ပံ့မှုများအဖြစ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့များသည် ဒေသခံ တိုင်းရင်းသား ကျား(၈၀)ဦး နှင့် မ(၉၀)အပါအ၀င် ကလေးသူငယ်(၃၀)ဦး စုစုပေါင်း(၂၁၀)ဦီးအား ဆေးကုသပေးမှုများနှင့် ဆေးဝါးထောက်ပံ့မှုများအဖြစ် ဆောင်ရွက်ပေးခဲ့ရာ ယခုလို မြို့နှင့်အလှမ်းဝေးကွာသည့် နေရာဒေသို့ လာရောက်ပြီး ကျန်းမာရေး စောင့်ရှောက်ပေးသည့်အတွက် ဒေသခံတိုင်းရင်းသားများအနေဖြင့် ၀မ်းသာကြပြီး ကျေးဇူးတင်ကြောင်း သိရသည်။
စစ်ဗျူဟာမှူး ဦးဆောင်မှုဖြင့် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့များသည် တာချီလိတ်မြို့နယ်မှ ကျန်ကျေးရွာများသို့လည်း ယခုလို ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသွားရန် စီမံထားရှိကြောင်း သိရှိရသည်။