လေထုညစ်ညမ်းမှု လျှော့ချစေရေး လှုံဆော်မှု တစ်ရပ်အနေဖြင့် ယနေ့ အောက်တိုဘာလ(၁၉)ရက် နံနက်ပိုင်းက တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ လူပေါင်း(၃)သောင်းကျော် ပါဝင်တဲ့ မာရသွန် အပြေးပြိုင်ပွဲ တစ်ခုကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
လေထုညစ်ညမ်းမှုလျှော့ချစေရေး လှုံဆော်မှုဖြစ်တဲ့အတွက် အခိုးအငွေ့ကာ မျက်နှာဖုံးများကို တပ်ဆင်ပြီး မာရသွန်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြတာပါ။ အခုလို ပြိုင်ပွဲပြုလုပ်ရခြင်းသည် ဘေကျင်းမြို့တော်ဟာ အခိုးငွေ့များနဲ့ လေထုညစ်ညမ်းမှု အများဆုံးမြို့များထဲမှာ အပါအ၀င်ဖြစ်တာကြောင့် လေထုအဆိပ်သင့်မှု လျှော့ချရေးအတွက် ပြိုင်ပွဲကို ကျင်းပပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။
ယခုလို လူထုအားအင်းများစွာ ပါဝင်လာမှုနဲ့ ပတ်သက်ပြီး ဘေကျင်း မာရသွန်ကော်မတီရဲ့ ပြောကြားချက်အရ ရာသီဥတုပြောင်းလဲခြင်း အခြေအနေများနဲ့ လေထုအတွင်း အဆိပ်သင့်မှု လျှော့ချရေး လှုပ်ရှားမှုမှာ အများပြည်သူပါဝင်တဲ့ လှုပ်ရှားမှုများအနက် ကျင်းပပြုလုပ်တဲ့ ပြိုင်ပွဲဟာ အကြီးဆုံး လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း ပြောကြားသွားပါတယ်။