နမ့်ခမ်းမြို့တွင် ကျပ်(၂၈)သိန်းရှိ ဘိန်းစိမ်းများ ဖမ်းဆီးရရှိ

နမ့်ခမ်းမြို့တွင် ကျပ်(၂၈)သိန်းရှိ ဘိန်းစိမ်းများ ဖမ်းဆီးရရှိ
အောက်တိုဘာ 14, 2014
By Tachileik News Agency

ရှမ်းပြည်နယ်၊ မြောက်ပိုင်းဒေသ၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ၂၀၁၄ခုနှစ် အောက်တိုဘာလ (၁၂)ရက်နေ့ ညနေ(၃း၃၀)နာရီအချိန်ခန့်က ဘိန်းစိမ်း (၂.၈)ကီလိုကို သယ်ဆောင်လာသူနှင့် အတူ မူးယစ်တပ်ဖွဲ့စု(၂၂) မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့ မှ ဖမ်းဆီးသိမ်းဆည်းရရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ လွယ်လင်ကန်ကျေးရွာ အ၀င် ညောင်ပင် အနီးတွင် မူးယစ်တပ်ဖွဲ့စု (၂၂) မူဆယ်၊ နမ့်ခမ်းလှုပ်ရှား အဖွဲ့မှ ရဲအုပ် အောင်စိုး ဦးစီးသည့် အဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်နေကြစဉ် တာကွန့်ရွာဘက်မှ နမ့်ခမ်းမြို့ဘက်သို့ ရန်ယုံချိုက်(ကျား) မောင်းနှင်လာသော အစိမ်းပုတ်ရောင် လိုင်စင်မဲ့ ဆိုင်ကယ်အား မသင်္ကာ၍ ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ရှေ့ ဒူးကာနှင့် ထိုင်ခုံ အောက်အံဝှက် အတွင်းမှ အဖြူရောင် တိပ်ဖြင့် ပတ်လျက် မိုင်းကိုင်စက္ကူဖြင့် ထုပ်ထားသည့် ဘိန်းစိမ်း(၁)ထုတ်လျင် အလေးချိန် (၇၀၀)ဂရမ်ခန့် ပါသည့် (၄)ထုတ်ကို ရှာဖွေ တွေ့ရှိရာ အဆိုပါ ဘိန်းစိမ်းများ၏ တန်ဖိုးငွေမှာ ကျပ်(၂၈)သိန်းခန့် တန်ဖိုးရှိကြောင်း သိရသည်။

ဆက်လက်၍ ဘိန်းစိမ်းများအား သယ်ဆောင်လာသူ ရန်ယုံချိုက်အား နမ့်ခမ်းမြို့မရဲစခန်းတွင် မယ(ပ)၇၃/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~