လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှ ၂၀၁၄ခုနှစ် နိုဝင်ဘာလ အတွင်း၌ မိုးပွင့်အဆင့် (၇)စီမံချက် အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ် နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ၊ မွေးတိုးစာရင်းများ နှင့် လူဦးရေစာရင်းများ စသည့် လုပ်ငန်းစဉ်များအတွက် ကွင်းဆင်း ဆောင်ရွက်ပေးမည် ဖြစ်ရာ နိုင်ငံသားစိစစ်ရေးကတ် နှင့် အိမ်ထောင်စုစာရင်း မပြုလုပ်ရသေးသူများ အနေဖြင့် တာချီလိတ်ခရိုင် အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် အမည်စာရင်းများကို ကြိုတင်၍ ယခု အောက်တိုဘာလအတွင်း ပေးသွင်းရမှာဖြစ်ကြောင်း သိရသည်။
မိုးပွင့်အဆင့် (၇)စီမံချက်အနေဖြင့် ဆောင်ရွက်ပေးရာတွင် အသက်(၁၀)နှစ်ပြည့် နှင့် (၁၈)နှစ် အထက်များ၊ အိမ်ထောင်စုစာရင်း မပြုလုပ်ရသေးသူများ၊ မွေးတိုးစာရင်း မထည့်သွင်းရသေးသူများနှင့် သေဆုံးစာရင်း ပယ်ဖျက်လိုသူများ စသည့် ကိစ္စရပ်များ အတွက် ဆောင်ရွက်ပေးမည်ဖြစ်ရာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများမှတဆင့် ကြိုတင်စာရင်းပြုစု တင်ပြသွားနိုင်ရန် အတွက် မပြုလုပ်ရသေးသူများ အနေဖြင့် အမည်နှင့် ကိုယ်ရေးအချက်အလက်များကို ပေးသွင်းရမှာဖြစ်ကြောင်း သိရှိရသည်။