အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်မှာ နေထိုင်တဲ့ Kenneth J.Stokes ဆိုသူဟာ သူ့အနေနဲ့ လစဉ်ကံစမ်းမှု တစ်ရပ်အနေနဲ့ ထိုးမြဲဖြစ်တဲ့ မက်ဆာချူးဆက်ပြည်နယ်က ကံစမ်းထီကဒ်ကို ၀ယ်ယူသိမ်းဆည်းထားခဲ့ပါတယ်။
သူ့မိသားစုကလည်း သူ့ကို ကံစမ်းထီကဒ် တစ်ကဒ် လက်ဆောင်ပေးထားတာကိုလည်း မေ့နေပါတယ်။ တိုက်ဆိုင်မှုတစ်ခု အနေနဲ့ကတော့ သူဝယ်ယူ ကံစမ်းခဲ့တဲ့ ကဒ်ရဲ့ နံပါတ်နဲ့ သူ့မိသားစုက ပေးတဲ့ ကဒ်နံပါတ်မှာလည်း တူညီနေပါတယ်။
ကံစမ်းထီကဒ် ၀ယ်ယူထားရှိပြီး မေ့မေ့လျော့လျော့ ဖြစ်နေတဲ့ Kenneth J.Stokes ကို ကံစမ်းထီရုံးက အောက်တိုဘာလ (၂၁)ရက်နေ့ နံနက်ပိုင်းက ဖုန်းဆက်ပြီး ထီပေါက်ကြောင်း ပြောပြမှ သူ့ကံစမ်းထီကဒ်ရဲ့ နံပါတ်များဟာ တူညီနေတာကို တွေ့ရှိပြီး မယုံနိုင်အောင် ဖြစ်မိတယ်လို့ Kenneth J.Stokes က ပြောပါတယ်။
ထီလက်မှတ်(၁)စောင်ကို ဒေါ်လာ(၂၅၀၀၀)ဖြစ်တဲ့အတွက် ပေါက်မဲ (၂)စောင်အတွက် ဒေါ်လာ(၅၀၀၀၀) ရရှိမှာဖြစ်ပြီး အတွဲလိုက်ပေါက်မဲ အပိုဆုနဲ့ပေါင်းရင် ဒေါ်လာ(၅၄၆၀၀၀)ရရှိမှာ ဖြစ်ပါတယ်။ ထီလက်မှတ် (၉.၇)ထီလီယံ ထဲမှာမှ ထူးထူးခြားခြားအဖြစ် တစ်ယောက်တည်းပါလို့ ထီလက်မှတ် ကံစမ်းမဲရုံး အရာရှိက ပြောပါတယ်။
အခုလို ထီပေါက်တဲ့အတွက် Kenneth J.Stokes ကတော့ ရရှိလာတဲ့ ငွေကြေးများထဲက သူ့သား ကောလိပ်တက်ဖို့အတွက် သုံးစွဲမှာဖြစ်ပြီး သမီးအတွက် ကားဝယ်ပေးမှာဖြစ်ကြောင်းနဲ့ ကျန်ရှိတဲ့ ငွေကြေးများကို မိသားစု အလည်အပတ် ခရီးထွက်မယ်လို့ ပြောကြားသွားပါတယ်
ဘာသာပြန်။ ။ မင်းသုတ
ref: newyahoo , photo: ABC News